Home လူ့အခွင့်အရေး တိုက်ပွဲကာလအတွင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေကို ပြန်ခေါ်ယူရေး အေအေ ပြင်ဆင်နေ

တိုက်ပွဲကာလအတွင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေကို ပြန်ခေါ်ယူရေး အေအေ ပြင်ဆင်နေ

176
0
ပုံ - ရခိုင်တိုက်ပွဲကာလ အတွင်းက တိုက်ပွဲကြားပိတ်မိနေတဲ့ မွတ်ဆလင်တွေကို အာရက္ခတပ်တော်က ကယ်ထုတ်နေမှု မှတ်တမ်း။ပုံဟောင်း- AAInfo Desk။

Coastal News Agency

ရခိုင်တကျော့ပြန် တိုက်ပွဲကာလအတွင်းက တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေကို အာရက္ခတပ်တော်က ပြန်လည်ခေါ်ယူရေးအတွက် ပြင်ဆင်နေတယ်လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကပင် နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့ပြီးတော့ တိုက်ပွဲကာလ ၂ လအကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပလက်ဝဒေသကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ရခိုင်က မြို့နယ်အနှံ့မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွါးတာ ရှိခဲ့ပြီးတော့ ဘူးသီးတောင် နဲ့ မောင်တော ဒေသတွေမှာလည်း စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ ဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးခဲ့ပြီးတော့ ဒေသခံရခိုင်တွေ နဲ့ မွတ်ဆလင်တွေဟာ ရခိုင်ပြည်အတွင်းက တိုက်ပွဲ နဲ့ ဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာရှိသလို မွတ်ဆလင်တွေဟာလည်း တ ဖက် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ထွက်ပြေးသွားခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီလို တိုက်ပွဲ အတွင်းက ထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေကို ပြန်လည်ခေါ်ယူနိုင်ရေး အတွက်ကို အာရက္ခတပ်တော်က ပြင်ဆင်နေတာ ရှိနေတယ်လို့ မောင်တောမြို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ သတင်းအရင်းအမြစ် တစ်ဦးက CNA ကို အခုလိုပြောပါတယ်။

“ကျနော်သိထားသလောက်ကတော့ ခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးနေတာတွေ ရှိတယ် အသေးစိတ်အချက် အလက်တွေကိုတော့ လောလောဆယ်ထုတ်ပြောလို့ မရသေးဘူး။ ဒီတိုက်ပွဲကာလ ၂၀၂၄ က ထွက်ပြေးသွားတဲ့ သူတွေကိုဘဲ ခေါ်ယူဦးမှာ ဖြစ်တယ်”လို့ သူကပြောပါတယ်။

ဒီတဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးသွားတဲ့ မွတ်ဆလင်ပြန်လည်ခေါ်ယူရေး အခြေအနေအသေးစိတ်ကို သိရှိနိုင်ဖို့ အတွက် အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခကို CNA က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးခဲ့တာတော့ မရှိခဲ့ပါဘူး။

အာရက္ခတပ်တော်ဟာ ဘူးသီးတောင်မြို့ကိုတော့ ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့မှာ စစ်ကော်မရှင်လက်ထဲကနေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့ မောင်တောမြို့ကိုတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ အာရက္ခတပ်တော်ဟာ ရခိုင်ဒေသမှာနေထိုင်နေကြတဲ့ ရခိုင်တွေ နဲ့ မွတ်ဆလင်တွေ နှစ်ဖက်သင့်မြတ်ရေးကို အထူးအလေးထားဆောင်ရွက်ပေးတာတွေကိုလုပ်ဆောင်နေတာတွေ ရှိနေသလို မြန်မာအစိုးရ လက်ထက်က ပိတ်သိမ်းထားခဲ့တဲ့ မွတ်လင်တွေ ဝတ်ပြုရာ မြို့မဂျာမေဘလီကြီးကို ပြန်လည်ဖွင့်ပေးခဲ့တဲ့ အထိလုပ်ဆောင်ပေးခဲ့တာလည်း ရှိခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here