Home သတင်း စစ်ရေး စစ်တွေရွှေမင်းဂံမှာ ရှိတဲ့ စစ်ကော်မရှင်နယ်ဗီက ရသေ့တောင် နဲ့ ပုဏ္ဏားကျွန်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေ

စစ်တွေရွှေမင်းဂံမှာ ရှိတဲ့ စစ်ကော်မရှင်နယ်ဗီက ရသေ့တောင် နဲ့ ပုဏ္ဏားကျွန်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေ

110
18

Coastal News Agency

စစ်တွေမြို့ ရွှေမင်းဂံမှာရှိနေတဲ့ စစ်ကော်မရှင် ရေတပ်နယ်ဗီက ရသေ့တောင် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်ကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေလုပ် ဆောင်နေတယ်လို့ စစ်တွေဒေသခံတွေကပြောပါတယ်။

အခုလို ပစ်ခတ်မှုကို စစ်ကော်မရှင်က ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက် အစောကတည်းကပင် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်တွေမြို့ ဒေ သခံ တစ်ဦးက အခုလိုပြောပါတယ်။

“နှစ်ဖက်အပြန်အလှန်ပစ်တာတော့မဟုတ်ဘူး စစ်ကော်မရှင်ကကဘဲပစ်နေတာ ကျန်တာကတော့ အေးအေးဆေးဆေးအနေအထားမှာရှိနေတယ်”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အာရက္ခတပ်တော် ရဲ့ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ဒီရက်ပိုင်းအတွင်း စစ်တွေမြို့ အနီးဝန်းကျင်မှာ လက်နက်ကြီးတွေ ဒရုန်းတွေ နဲ့ နှစ်ဖက် အပြန်အလှန်တိုက်ခိုက်တာ ရှိခဲ့ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာတွေ ရှိနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်တွေမြို့ဟာ စစ်ကော်ရှင်တပ်တွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေသေးတဲ့ မြို့နယ်တစ်ခုဖြစ်ပြီးတော့ စစ်ကော်မရှင်က လာမယ့်ဒီဇင်ဘာလ ထဲမှာကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ထည့်သွင်းကျင်းပဖို့ ပြင်ဆင်ထားတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ ရခိုင်က သူတို့ထိန်းချုပ်ထားတဲ့ မြို့တွေ ဖြစ်တဲ့ မာန်အောင်၊ကျောက်ဖြူ နဲ့ စစ်တွေမြို့တွေကို လက်မလွတ်ရရေးအတွက် ရေကြောင်းကို အသုံးပြုကာ စစ်အင်အားဖြည့်တင်းတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ သံတွဲ နဲ့ ဂွမြို့တွေကိုလည်း ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလုပ်ဆောင်နိုင်ဖို့ ရေတပ်သင်္ဘောတွေတိုးချထားတာ စစ်အင်အားတွေ တိုးချထားတာတွေကိုလည်း လုပ်ဆောင်နေတာရှိနေပါတယ်။

အာရက္ခတပ်တော်ကတော့ စစ်ကော်မရှင်က အခုလို သူတို့လက်လွတ်ထားရပြီးဖြစ်တဲ့ မြို့တွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ လုပ်ဆောင်တာတွေ ရှိလာနေတဲ့ အတွက်ပြည်သူတွေအနေ နဲ့ စစ်ရေးသတိအမြဲရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

18 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here