Home သတင်း ရခိုင်ကတောင်သူတွေ ပြောတဲ့ သူတို့ အခက်အခဲများ

ရခိုင်ကတောင်သူတွေ ပြောတဲ့ သူတို့ အခက်အခဲများ

195
0

ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့ နောက်ပိုင်းမှာ စစ်ကော်မရှင်က ကုန်းလမ်းရေလမ်းတွေ နဲ့ ကုန်စည်တင်သွင်းခွင့်တွေကိုပါ ကန့်သတ်တာမြစ်ထားတာကြောင့် ရခိုင်ကဒေသခံ ပြည်သူတွေဟာ ကုန်စျေးနူန်းမြင့်တက်မှု ဒဏ်ကို လက်ရှိအချိန်ထိ ခံစားနေရဆဲဖြစ်ပါတယ်။

အဲဒီလို ကုန်စျေးနူန်းမြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေရပေမယ့် ရခိုင်က တောင်သူတွေဟာ မိရိုးဖလာ လုပ်ကိုင်လာကြတဲ့ လယ်ယာလုပ်ငန်းတွေကို အရှုံးတွေ နဲ့ ရင်ဆိုင်ကာ လက်ရှိအချိန်ထိလုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ရခိုင်ကမြို့နယ် ၁၄ ခုကို စစ်ကော်မရှင်လက်ထဲကနေ အပြီးသတ်သိမ်းပိုက်ထားပြီးတော့ အုပ်ချုပ်ရေးစနစ်တွေကို စတင်လုပ်ဆောင်နေပြီးဖြစ်ပါတယ်။

အဲဒါကြောင့် ဒေသခံတောင်သူတွေမှာ ဘာတွေလိုအပ်ချက်တွေ ရှိနေသလဲ တောင်သူတွေအနေ နဲ့ လယ်ယာလုပ်ငန်းတိုးတက်ဖွံ့ဖြိုးလာဖို့ ဘာတွေ ထောက်ပံ့ပေးဖို့လိုအပ်နေသလဲ လက်ရှိဘယ်လိုတွေ ရင်ဆိုင်လုပ်ကိုင်နေကြရသလဲ ဒီအခြေအနေတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here