မောင်တောမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးတဲ့ နောက်မှာ ကားပေါ်မှာပါလာတဲ့ ခရီးသည် ၆ ဦး နဲ့ အတူ စားသောက်ကုန်တွေပါယူဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်မှာ ၂ ဦးကို သတ်ဖြတ်ထားခဲ့ပြီးတော့ ၃ ဦးကိုတော့ အသက်ရှင်လျှက်တွေ့ရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ကနဦးသတင်းထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ဟာ ဒီနေ့ အောက်တိုဘာလ(၂၂) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်လောက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ အကြမ်းဖက် ARSA အဖွဲ့ကတိုက်ခိုက်ခဲ့တဲ့ ခရီးသည်တင်ကားဟာ ရသေ့တောင်မြို့ နယ်၊ စေတီပြင်ကျေးရွာကနေ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး တွေကို ဝယ်ယူပြီး ခရီးသည်(၅)ဦးတင်ဆောင်ကာ ကျောက်ပန္ဒူရွာဘက်ကို ထွက်ခွာလာခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီကားပိုင်ရှင်ဟာလည်း မောင်တောမြိုနယ်၊ ကျောက်ပန္ဒူကျေးရွာအတွင်းက အဖ ဦးအဒေါင်း ရဲ့ သား ကိုထွန်းဝင်း (၃၀)နှစ် ရဲ့ကားဖြစ်ပြီးတော့ မောင်တောမြို့နယ်၊ မြိုယုရွာရဲ့ အရှေ့ဘက် တံတားအနီးအရောက်မှာ အကြမ်းဖက် ARSA အဖွဲ့ ရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံခဲ့ရတာလို့ဆိုထားပါတယ်။
အဲဒီနောက်မှာတော့ အာရက္ခတပ်တော်က အခင်းဖြစ်ပွါးခဲ့တဲ့ နေရာကို ရောက်ရှိချိန်မှာ အကြမ်းဖက် ARSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေကို အာရက္ခတပ်တော်က လိုက်လံရှာဖွေခဲ့ရာမှာ အခင်းဖြစ်ပွါးတဲ့ နေရာ နဲ့ မလှမ်း မကမ်းနေရာမှာ ကားပေါ်မှာ လိုက်ပါလာတဲ့ သူ ၆ ဦးထဲက သေနတ်ဒဏ်ရာ တဲ့သေဆုံးနေသူ ၂ ဦးအလောင်း နဲ့ အသက်ရှင်လျှက်ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့တယ်လို့လည်းဆိုထားပါတယ်။
သေဆုံးနေသူ ၂ ဦးကတော့ မဝေဝေစိုး နဲ့ အမည်မသိ(စုံးစမ်းဆဲ)သူ တစ်ဦးဖြစ်ပြီးတော့ ဖြစ်ပြီးတော့ အသက်ရှင်လျှက်တွေ့ရှိခဲ့တဲ့ ကလေးငယ်ကတော့ ဝေဝေစိုးရဲ့ သမီးငယ် အသက် ၃ နှစ်အရွယ် ခိုင်မြတ်မွန် ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ကားပိုင်ရှင် ကိုထွန်းဝင်း နဲ့ ခရီးသည် အသက် ၂၅ နှစ်အရွယ် မောင်သန်းထွီးတို့ဟာလည်း အကြမ်းဖက် ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှု ကြားကနေထွက်ပြေးလွတ်မြောက်လာခဲ့ပြီးတော့ ဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဘူးသီးတောင် မောင်တောဒေသတွေ မှာ မွတ်ဆလက်အကြမ်းဖက်လက်နက် ကိုင် အဖွဲ့တွေဟာ အရပ်သားပြည်သူတွေကို မကြာခဏဆိုသလို ခြုံခိုတိုက် ခိုက်တာ ဖမ်းဆီးသတ်ဖြတ်တာတွေကို လုပ်ဆောင်နေပြီးတော့ ဒေသခံပြည်သူတွေဟာ စိုးရိမ်စိတ်တွေ နဲ့ သွားလာနေကြရတာလည်းဖြစ်ပါတယ်။




