Home သတင်း စစ်ရေး ကျောက်ဖြူမှာ ကားပေါ်ကိုတင်နေတဲ့ လက်နက်ပေါက်ကွဲမှုဖြစ်ပွါးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး ၇ ဦးထက်မနည်း ဒဏ်ရာရသူ

ကျောက်ဖြူမှာ ကားပေါ်ကိုတင်နေတဲ့ လက်နက်ပေါက်ကွဲမှုဖြစ်ပွါးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး ၇ ဦးထက်မနည်း ဒဏ်ရာရသူ

149
0

Coastal News Agency

ကျောက်ဖြူမြို့နယ်အတွင်းက ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နိုင်ဖို့အတွက် ကားပေါ်ကို လက်နက်တွေတင်နေရာကနေ ပေါက်ကွဲမှု ဖြစ်ပွါးပြီးတော့ စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံးခဲ့ရပြီးတော့ နောက်ထပ် ၇ ဦးထက်မနည်းဟာလည်း ဒဏ်ရာ ရရှိသွားခဲ့ရတယ်လို့ ကျောက်ဖြူမြို့ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လယ်ကဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ လက်နက်ခဲယမ်းသိုလှောင်ရုံးထဲကနေ ရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်ဖို့ အတွက်ကားပေါ်တင်ဆောင်နေချိန်မှာ လက်ထဲကနေ ပြုတ်ကျပြီးတော့ ပေါက်ကွဲမှု ဖြစ်ကာ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ အဲဒီ ကျောက်ဖြူမြို့ သတင်းရင်းမြစ်ကပြောပါတယ်။

“လက်နက်သိုလှောင်တိုက်ထဲကနေ ကားပေါ်ကိုတင်နေတာကြတာလို့သိရပါတယ် အဲဒီမှာ လက်ထဲကပြုတ်ကျပြီးတော့ ပေါက်ကွဲမှု ဖြစ်တာ သေတာကတော့ ၅ ဦး နောက်ဒဏ်ရာရသူလည်း ၇ ဦးထက်မနည်းရှိတယ်လို့သိရတယ်”လို့ သူကပြောပါတယ်။

သေဆုံးသူ ၅ ဦးထဲမှာ တပ်ကြပ်ကြီး ဟိမ်းထက်သူရ နဲ့ တပ်ကြပ်ကြီး ရဝေထက်တို့ပါဝင်ပြီးတော့ နောက်ထပ် သေဆုံးသူ ၃ ဦးရဲ့ အမည်တွေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

ကျောက်ဖြူမြို့နယ် အတွင်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးနေတာ ရှိနေပြီးတော့ စစ်ကော်မရှင်တပ်တွေဟာ ကျောက်ဖြူမြို့ကို လက်မလွတ်ရရေးအတွက် စစ်အင်အား၊လက်နက်အင်အား အများအပြားအသုံးပြုကာ ခုခံတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ လည်းသိရပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ တရုတ်အကူအညီ နဲ့ အရပ်သားတွေ နေထိုင်ရာ နေရာ နဲ့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေ နေထိုင်ရာနေရာတွေကို ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ အပြင် ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ရခိုင်မှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ အာရက္ခတပ်တော်ကတော့ ပလက်ဝဒေသ နဲ့ ရခိုင်က မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း သိမ်းပိုက်ဖို့ အတွက်ကျန်ရှိနေသေးတဲ့ စစ်တွေ ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here