ရခိုင်ပြည်အတွင်းမှာ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးနိုင်ဖို့အတွက် အကြမ်းဖက် ARSA အဖွဲ့တွေကို ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်လာပါတယ်။
အစ္စလာမ်မစ် အစွန်းရောက်တွေ ဖြစ်တဲ့ ARSA၊ RSO လက်နက် ကိုင်အဖွဲ့တွေဟာ ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေကအပြစ်မဲ့ ရခိုင်ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်မှုတွေရှိလာနေတာလည်းဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၂၂) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်မှာလည်း အကြမ်းဖက် ARSA အဖွဲ့ဟာရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာကနေ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး စတဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေဝယ်ယူပြီး မောင်တောမြို့ ကျောက်ပန္ဒူကို ပြန်လာတဲ့ ကားတစ်စီးကို ခြုံခို တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေထဲက အသက် ၃၀ အရွယ် မဝေဝေစိုး နဲ့ အသက် ၄၀ အရွယ် ဒေါ်နိုင်နိုင်ဆွေ တို့ဟာ အ ကြမ်းဖက် ARSA အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရပါတယ်။



အဲဒီကားပေါ်မှာ ပါလာတဲ့ သူတွေထဲက ကဆရာ ကိုထွန်းဝင် နဲ့ ခရီးသည် မောင်သန်းထွီးတို့ မှာလည်း အကြမ်းဖက် ARSA အဖွဲ့တွေရဲ့ လက်ချက် နဲ့ ဒဏ်ရာအများအပြားရကာ ထွက်ပြေးလွတ်မြောက်လာခဲ့ရပြီးတော့ သေဆုံးသူ မဝေဝေစိုး ရဲ့ သမီးဖြစ်သူ အသက် ၃ နှစ်အရွယ် မခိုင်မြတ်မွန်ကိုတော့ သေဆုံးသူ မိခင်ရဲ့ အလောင်းဘေးမှာ အသက်ရှင်လျှက် ပြန်တွေ့ခဲ့ရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့တွေဟာ ကားပေါ်မှာ ပါလာတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလည်း အကုန်သိမ်းယူသွားခဲ့တယ်လို့ ဆိုထားပါတယ်။
ဘူးသီးတောင် နဲ့ မောင်တောဒေသတွေမှာ ဒီအကြမ်းဖက်မွတ်ဆလင် လက် နက်ကိုင်တွေဟာ မွတ်ဆလင်မဟုတ်တဲ့ ဒေသခံ ရခိုင်တွေကို အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်တာ ခြုံခိုတိုက်ခိုက်တာ နဲ့ ပြန်ပေးဆွဲလုပ်ရပ်တွေကို ဒီနောက်ပိုင်းမှာ ဆက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် နယ်စပ်ဒေသအနီးဝန်းကျင်မှာနေထိုင်နေကြတဲ့ ဒေသခံပြည်သူ တွေ အနေ နဲ့ တောတောင်ထဲ နဲ့ လူပြတ်တဲ့နေရာတွေကို တစ်ယောက်တည်း သွားလာဖို့ကို အထူးသတိထားဖို့ နဲ့ မသွားကြဖို့ကို အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။
မဖြစ်မနေ အရေးကြီးကိစ္စ၊ကျန်းမာရေးကိစ္စတွေ နဲ့ သွားလာရမယ်ဆိုခဲ့ရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ အုပ်ချုပ်ရေး နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေကို သတင်းပေးပို့ သွားကြဖို့ကို အာရက္ခတပ်တော်က ထပ်မံ သတိပေးပြောဆိုထားပါတယ်။




