Home သတင်း စစ်ရေး အကြမ်းဖက် ARSA ၊ RSOအဖွဲ့အနေ နဲ့ ရခိုင်ကပြည်သူတွေကို သတ်ဖြတ်နေမှုကို ရှုတ်ချတယ်လို့ ခရိုင်မွတ်ဆင်ရေးရာကောင်စီထုတ်ပြန်

အကြမ်းဖက် ARSA ၊ RSOအဖွဲ့အနေ နဲ့ ရခိုင်ကပြည်သူတွေကို သတ်ဖြတ်နေမှုကို ရှုတ်ချတယ်လို့ ခရိုင်မွတ်ဆင်ရေးရာကောင်စီထုတ်ပြန်

102
8
ပုံ - မောင်တောမြို့ မြို့မဂျာမေဗလီ ဖွင့်ပွဲ အခမ်းအနားမြင်တွေ့ရမှု။

Coastal News Agency

ရခိုင်မှာ အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ARSA ၊ RSOအဖွဲ့အနေ နဲ့ ရခိုင်ကပြည်သူတွေအပေါ်မှာ ရက်စက်စွာသတ်ဖြတ်နေတာတွေကို မွတ်ဆလင်တွေ အနေ နဲ့ ရှုတ်ချတယ်လို့ မောင်တောခရိုင်မွတ်ဆင်ရေးရာကောင်စီက အောက်တိုဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ဒီအကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA ၊ RSO အဖွဲ့တွေဟာ ရခိုင်က အာရက္ခတပ်တော်ထိန်းချုပ်ဒေသတွေဖြစ်တဲ့ ဘူးသီးတောင်၊မောင်တောမြို့နယ်တွေက မွတ်ဆလင်မဟုတ်တဲ့ ဒေသခံရခိုင်လူမျိုးတွေ အပါအဝင် ရခိုင်မျိုးနွယ်စုဝင်တွေကို ဖမ်းဆီးတာ၊မတရားသတ်ဖြတ်တာ၊ဓါးပြတိုက်လုယူတာတွေကို ဒီနှစ်ပိုင်းတွေမှာဆက်တိုက်ဆိုသလို ရာဇဝတ်မှုတွေကျူးလွန်လာနေတာကိုလည်းတွေ့နေရပါတယ်။

အခုလိုအကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA ၊ RSO အဖွဲ့တွေအနေ နဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ မကြာခဏပေါ်ပေါက်နေတဲ့ အတွက် ဒေသတွင်းမှာ ကောင်းမွန်စွာ နဲ့ တည်ငြိမ်အေးချမ်းမှု ရှိလာနေခြင်းနဲ့ တရားဉပဒေစိုးမိုးရေးကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ မောင်တောခရိုင်မွတ်ဆင်ရေးရာကောင်စီ က ဆိုပါတယ်။

မောင်တောခရိုင်အတွင်းမှာ အရင်ခေတ်အဆက်ဆက်ကအစိုးရတွေရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းခဲ့တာ၊ဒေသခံအချင်းချင်းသွေးခွဲရန်တိုက်အုပ်ချုပ်တာ၊မြန်မာစစ်တပ်က အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA ၊ RSO အဖွဲ့တွေကို အကြောင်းပြပြီး နှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် မွတ်ဆလင်တွေဟာ များစွာအတိဒုက္ခရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်က မြန်မာစစ်တပ်(ခေါ်)စစ်ကော်မရှင်တပ်တွေကို အပြီးတိုင်တိုက်ထုတ်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ မွတ်ဆလင်ပြည်သူတွေ အနေ နဲ့ ဘာသာရေး၊ပညာရေး၊ကျန်းမာရေး၊ခရီးသွားလာရေး အစစအရာရာ တိုးတက်ကောင်းမွန်ခဲ့တယ်လို့လည်း မောင်တောခရိုင်မွတ်ဆင်ရေးရာကောင်စီ က ဆိုပါတယ်။

ဒါ့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အစိုးရဌာနဆိုင်ရာအသီးသီးမှာ မွတ်ဆလင်တွေ အနေ နဲ့ အမှုထမ်းခွင့်ရလာသလို ဘာသာရေး နဲ့ ရိုးရာဓလေ့ နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ အတွက်ကိုလည်း အာရက္ခတပ်တော်က မွတ်ဆလင်အကြီးအကဲ (ဂျူရီအဖွဲ့)ကို ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုထားတာလည်း ရှိတယ်လို့ဆိုပါတယ်။

အခုလို အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းမှာ ရခိုင် နဲ့ မွတ်ဆလင်တွေ အကြားတိုးတက်ပြောင်းလဲမှုတွေ ရှိလာပြီးတော့ လူမှုသဟဇာတရှိရှိ နဲ့ ငြိမ်ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အတွက်ကိုလည်း အထောက်အကုပြုလာနေတာကို တွေ့နေရတယ်လို့ ဆိုထားပါတယ်။

အဲဒီလို့ ဒေသတွင်း ရခိုင် နဲ့ မွတ်ဆလင်တွေ သဟဇာတ ရှိရှိ နဲ့ နေထိုင်နေတဲ့ အပေါ်မှာ Fortify Right လိုပြည်ပအဖွဲ့အစည်းတချို့က ဒေသတွင်းမှာ သဟဇာတ ရှိရှိ နဲ့ အေးအေးချမ်းချမ်းနေထိုင်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အသံကို နားထောင်အသိအမှတ်မပြုဘဲ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ မဟုတ်မမှန်ဝါဒဖြန့် သတင်းမှားတွေကို အခြေခံပြီးတော့ ဘက်လိုက်ရေးသားဖော်ပြနေတဲ့ အပေါ်မှာလည်း မောင်တောခရိုင်မွတ်ဆင်ရေးရာကောင်စီ အနေ နဲ့ အထူးစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒီလုပ်ရပ်တွေဟာ ရခိုင်မျိုးနွယ်စုတွေ နဲ့ မွတ်ဆလင်တွေအကြားမှာ မယုံကြည်မှု၊သံသယဖြစ်မှု၊ကြောက်ရွံ့စိုးရိမ်မှု၊အချင်းချင်းဆက်ဆံရေးတင်းမာလာမှုတွေ ဖြစ်လာနိုင်ပြီးတော့ တိုးတက်ဖြစ်ပေါ်နေတဲ့ လူမှုသဟဇာတ ဖြစ်မှု နဲ့ အတူငြိမ်းချမ်းစွာနေထိုင်ရေး ကိစ္စကို ကြီးစွာအဟန့်အတားဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ARSA ၊ RSOအဖွဲ့ နဲ့ အပြုသဘောမဆောင်ဘဲ မီးလောင်ရာလေပင့်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ Fortify Right လိုပြည်ပအဖွဲ့အစည်းတချို့ကို မောင်တောခရိုင်မွတ်ဆင်ရေးရာကောင်စီ အနေ နဲ့ ရှုတ်ချတယ်လို့ ပြောဆိုထားပါတယ်။

8 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here