စစ်ကောင်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ တောင်ကုတ်မြို့နယ် အတွင်းက မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်းမှာ ပျက်စီးမှုတချို့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကော်မရှင်ဟာ ဒီတောင်ကုတ်မြို့ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက် တန်းစာသင်ကျောင်းကို ဒီနေ့ ညနေ ၇ နာရီလောက်မှာ စစ်ကော်မရှင်က လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
“ညနေ ၇ နာရီလောက်မှာ ကြဲသွားတာ စာသင်ကျောင်းဆောင်တချို့ ပျက်သွားတယ် လူတွေတော့ ထိခိုက်တာမရှိခဲ့ဘူး”လို့တောင်ကုတ် ဒေသခံ တစ်ဦးကပြောပါတယ်။
ဒီမဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းကို အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစောထွန်းရှိန်က ဦးဆောင်ပြီးတော့ ရခိုင်ပြည် ၁၇ မြို့နယ်အတွင်းက စာမသင်နိုင်တဲ့ ကလေးငယ်တွေကို အခမဲ့ စာသင်ကြားပေးနိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ တည်ဆောက်ထားခဲ့တာလည်းဖြစ်ပါတယ်။




