Home သတင်း စစ်ရေး ချင်းပြည် ဟားခါးကို စကမ က စစ်အင်အားဖြည့်တင်းနေတဲ့ အတွက် ညမထွက်ရအမိန့်ကို CDF-Hakhaထုတ်ပြန်

ချင်းပြည် ဟားခါးကို စကမ က စစ်အင်အားဖြည့်တင်းနေတဲ့ အတွက် ညမထွက်ရအမိန့်ကို CDF-Hakhaထုတ်ပြန်

83
3
ပုံ - CDF-Hakha

Coastal News Agency

ဟားခါးမြို့ပေါ်နေထိုင်နေကြတဲ့ မိဘပြည်သူတွေ အနေ နဲ့ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ကနေ ၂၀၂၆ခု နှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့အထိ ညနေ ၇း၀၀နာရီကနေ မနက် ၅း၀၀နာရီအကြား ညမထွက်ရအမိန့်ကို CDF-Hakha က ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ထုတ်ပြန်ရတာဟာ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲအကြောင်းပြပြီးတော့ ချင်းဒေသခံပြည်သူတွေကို အချိန်မရွေးလူနေအိမ်တွေကို ဝင်ရောက်စစ်ဆေးတာ၊ဖမ်းဆီးတာတွေကို လုပ်ဆောင်နိုင်တဲ့အတွက် အခုလိုထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ ချင်းပြည်အနှံ့သာမက ဟားခါးမြို့ကိုပါ လေယာဉ်၊ ရဟယာဉ်တွေ နဲ့ စစ်အင်အားဖြည့်တင်းတာတွေလည်း ရှိနေတယ်လို့ CDF-Hakha ကဆိုထားပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ အမိန့်ကိုလည်း မိဘပြည်သူတွေ အနေ နဲ့ စိတ်ရှည် သတိကြီးရှိစွာ နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါ့မှမဟုတ် အမိန့်ကို မလိုက်နာဘဲ ချိုးဖောက်သူကိုလည်း အရေးယူသွားမှာ ဖြစ်ပြီးတော့ ပစ်ခတ်တိုက်ခိုက်ခ့ခဲ့ရရင်လည်း CDF – Hakha အနေ နဲ့ တာဝန်ယူဖြေရှင်းမှာ မဟုတ်ဘူးလို့လည်းဆိုထားပါတယ်။

စစ်ကော်မရှင်စစ်တပ်ဟာ အရပ်သားပြည်သူကို နေ့စဉ် ဗုံးကြဲ၊ သတ်ဖြတ်၊ တိုက်ခိုက်တာတွေကိုလုပ်ဆောင်နေတဲ့အတွက် ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်တွေဟာ ဆုံးရှုံးနေကြရပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်က အခုလိုလုပ်ဆောင်နေတာဟာ ပြည်သူတွေ အနေ နဲ့ ငြိမ်ဝပ်ပိပြားပြီးတော့ အကြောက်တရားရလာအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း CDF-Hakha ကဆိုထားပါတယ်။

စစ်ကော်မရှင်ဟာ အခုလာမယ့် ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် ချင်းပြည်နယ်အတွင်းမှာ အတင်းအဓမ္မကြိုးပမ်းနေမှုတွေလည်း ရှိနေပါတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here