ရခိုင်က နယ်မြေအများစုကို စစ်ကော်မရှင်တပ်တွေလက်ထဲကနေ သိမ်းပိုက်ထားနိုင်ပြီးတော့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊တရားဉပဒေစိုးမိုးရေး နဲ့ လူမှုသဟာဇာတရှိရေး တွေကို ဆောင်ရွက်ပေးနေတဲ့ အာရက္ခတပ်တော် ရှိရာနေရာတွေကို ရခိုင်ကပြည်သူတွေ အနေ နဲ့ ခရီးသွားလာတဲ့ အခါ သတိထားသွားလာကြဖို့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ARSA က သတိပေးတိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဒီလိုတိုက်တွန်းပြောဆိုချက်ကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့ ကပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့တွေဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေကုတ်ယူပြီးတော့ ရခိုင်ပြည်အတွင်းက ဘူးသီးတောင် နဲ့ မောင်တောဒေသတွေကို နည်းလမ်းမျိုးစုံ နဲ့ စိမ့်ဝင်ကာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ နဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို ခြုံခိုတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်၊
အဲဒီလို လုပ်ဆောင်နေကြောင်းကို ရခိုင်ဒေသခံပြည်သူတွေ နဲ့ အာရက္ခတပ်တော်က ဆက်တိုက်ထုတ်ပြန်ပြောဆိုတာတွေရှိနေပေမယ့် အဲဒီပြောဆိုမှုတွေဟာ စွပ်စွဲချက်တွေသာဖြစ်ပြီးတော့ သူတို့ အနေ နဲ့ အဲဒီလို ကျူးလွန်တာမရှိဘူးလို့လည်း အကြမ်းဖက်အာဆာအဖွဲ့က ငြင်းဆိုထားပါတယ်။
“အရပ်သားပြည်သူအား အရင်ကလည်းမည်သည့်အခါမှ ဖမ်းဆီးသတ်ဖြတ်ခြင်း နှိပ်စက်ခြင်းမရှိခဲ့ပါ နောက်တွင်လည်း အရပ်သားပြည်သူများအား ဖမ်းဆီးခြင်းသတ်ဖြတ်ခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း ကတိပြုလိုပါတယ်။ARSA တည်ရှိရာ တောတောင်အတွင်းသို့ အရပ်သားပြည်သူများအနေ ဖြင့်စိုးရိမ်မှု ကင်းမဲ့စွာဖြင့် လွတ်လပ်စွာခရီးသွားလာနိုင်ရေးအတွက် ခွင့်ပြုပေးထားပြီဖြစ်ကြောင်းနဲ့ အေအေရှိရာအနီးပတ်ဝန်းကျင်တွင် အရပ်ပြည်သူများ ခရီးသွားလာမှုကို အထူးသတိပြု ဂရုစိုက်သွားလာရန် ထပ်လောင်းအသိပေးနိုးဆော်အပ်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ ARSA ရှိရာတောတောင်တွေကိုလည်း စိုရိမ်မှုကင်းကင်း နဲ့ သွားလာကြဖို့ကိုလည်း အကြမ်းဖက် ARSA အဖွဲ့တွေက ဖိတ်ခေါ်ထားပါသေးတယ်။
အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ ARSA အဖွဲ့ ကို သူတို့ အနေ နဲ့ တည်ထောင်ထားရတဲ့ အဓိကရည်ရွယ်ချက်ဟာ ရခိုင်ပြည်အတွင်းမှာနေထိုင်နေကြတဲ့ မွတ်ဆလင်လူမျိုး၊ရခိုင်လူမျိုး၊မြိုလူမျိုး၊ဒိုက်နက်လူမျိုး ၊ဟိန္ဒူလူမျိုးများ၊ခမီလူမျိုး စတဲ့လူမျိုးတွေအနေ နဲ့ လွတ်လပ်ပြီးတရားမျှတမှုရရှိစေရေး ၊ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေး ၎င်းတို့၏ အိုးအိမ်စည်းစိမ်းများကို ကာကွယ်နိုင်ရေး အတွက်ရည်ရွယ်ပြီးဖွဲ့စည်းထားတာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။
ဒါ့အပြင် ရခိုင်က နယ်မြေအများစုကို ထိန်းချုပ်ပြီး ဒေသတွင်းအုပ်ချုပ်ရေး၊တရားဥပဒေစိုးမိုးရေး နဲ့ လူမှုသဟဇာတဖြစ်ရေးတွေကို လုပ်ဆောင်နေတဲ့ အာရက္ခတပ်တော်ဟာ သူတို့အကြမ်းဖက် ARSA နာမည်ပျက်စေရေးအတွက် ရည်ရွယ်ပြီးတော့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်နေတယ်လို့လည်း အကြမ်းဖက် ARSA အဖွဲ့က စွပ်စွဲပြောဆိုထားပါသေးတယ်။



