Home သတင်း စစ်ရေး စစ်ကော်မရှင် နဲ့ TNLA တပ်တွေ နှစ်ဖက်အပစ်ရပ်

စစ်ကော်မရှင် နဲ့ TNLA တပ်တွေ နှစ်ဖက်အပစ်ရပ်

104
4

Coastal News Agency

စစ်ကော်မရှင်တပ်တွေ နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF /TNLA တပ်တွေ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီနေ့အောက်တိုဘာလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

စစ်ကော်မရှင်တပ်တွေ နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF /TNLA တို့ဟာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိင်းမှု နဲ့ ၉ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ နဲ့ ၂၈ ရက်နေ့တွေမှာ တရုတ်နိုင်ငံ ၊ကူမင်းမြို့မှာ ၂ နှစ်ရက်တာ တွေ့ဆု့မှုကို PSLF/TNLA က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့

ကိုယ်စားလှယ်အဖွဲ့ နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တွေဟာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာ အခုလိုနှစ်ဖက်အပစ်အခတ်ရပ်ဆဲရေး သဘောတူလက်မှတ်ကိုရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ သဘောတူလက်မှတ်ရေးထိုးထားချိန်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတပ်တွေဟာ မိုးကုတ် နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွါပေးကြရမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။

စစ်ကော်မရှင်တပ်တွေဘက်ကတော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတပ်တွေထိန်းချုပ်ထားတဲ့ နေရာတွေကို လေယာဉ်ဗုံးကြဲတာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို မလုပ်ဖို့ကို ကတိပေးထားတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

4 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here