ရသေ့တောင်မြို့နယ်၊မိုးစဲကျွန်း အတွင်းက ဇီးကိုင်းကျေးရွာကို စစ်ကော်မရှင် တပ်က ဒီနေ့ လေကြောင်းကနေတဆင့် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ် သားပြည်သူတွေထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ အဲဒီကျေးရွာကို လေ ကြောင်းကနေတဆင့် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှုအပါအဝင် ဒေသခံ ၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ် ရာ ရသူ အများအပြားရှိနေရတာဖြစ်တယ်လို ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။
“ဇီးကိုင်မှာက ကျေးရွာအုပ်ချုပ်ရေးမှူးထွန်းအေးလှိုင်အပါအဝင် ၃ ဦးလောက်ရရှိတယ်လို့ ကနဦးသိရတယ်။နောက်ဒဏ်ရာရသူတွေလည်း များတယ်လို့သိရတယ်။ဒရုန်း နဲ့ ဗုံးကြဲခံရတာဖြစ်တယ်”လို့ သူကပြောပါတယ်။
ဒီမိုးစဲကျွန်းမှာ ကျေးရွာပေါင်း ၂၄ ရွာ ရှိပြီးတော့ အရပ်သားပြည်သူတွေ အနေ နဲ့ တည်ငြိမ်အေးချမ်းစွာနေထိုင်နေကြတဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံကို ဆက်လက်တင်ပြပေးပါမည်။




