Home သတင်း စစ်ရေး ပုဏ္ဏားကျွန်းကို စကမ ကလေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ သေဆုံးဒဏ်ရာရသူတွေရှိနေ

ပုဏ္ဏားကျွန်းကို စကမ ကလေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ သေဆုံးဒဏ်ရာရသူတွေရှိနေ

122
0

Coastal News Agency

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်ကော်မရှင်က ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ” လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ဒဏ်ရာ ရသူ နဲ့ သေဆုံးသူ ၁၀ လောက်ရှိတယ်လို့ သိရတယ်။ဖုန်းလိုင်းအခက်အခဲတွေကြောင့် တိတိကျကျတော့ နာမည်တွေမသိရသေးဘူး”လို့ သူကပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဒီပုဏ္ဏားကျွန်းမြို့နယ် အတွင်းကို အောက်တိုဘာလအစပိုင်းကတည်းကပင် လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေ နဲ့ ဆကိတိုက်ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးမှု ဆက်တိုက်ရှိနေတာလည်း ဖြစ်ပါတယ်။

အဲဒီလိုဘဲ ရသေ့တောင်မြို့နယ်၊မိုးစဲကျွန်းအတွင်းက ဇီးကိုင်းကျေးရွာအတွင်းကို စစ်ကော်မရှင်က ဒီနေ့မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ အ တွက် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးသေဆုံးပြီးတော့ ဒဏ်ရာရသူအများအပြားရှိနေတယ်လို့ ကနဦးသတင်းတွေအရ သိထားရပါတယ်။

ဒီနေ့ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ရသေ့တောင် နဲ့ ပုဏ္ဏားကျွန်းမြို့ဖြစ်စဥ်အသေးစိတ်အခြေအနေ နဲ့ ပတ်သက်ပြီး CNA ကဆက် လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here