စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုထပ်မံ လုပ်ဆောင်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာ ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာတွေရှိနေပါတယ်။
စစ်ကော်မရှင်တပ်ဟာ မနေ့က အောက်တိုဘာ လ ၃၀ ရက်နေ့မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တဲ့ အတွက် အဆောက်အဦးတချို့ပျက်စီးခဲ့ရပါတယ်။



ဒီနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက် ၁၁ နာရီလောက်မှာလည်း စစ်ကော်မရှင်က ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ပန်းနီလာကျေးရွာကို လေကြောင်းကထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့တိုက်ခိုက်ခံရမှု ဖြစ်စဥ်မှာတော့ ထိခိုက်သေဆုံးသူအများအပြားရှိနေတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
“ထိခိုက်သေဆုံးမှုတွေ ရှိပါတယ် သေတဲ့အထဲမှာကလေးတွေရောပါနေတယ် အရေအတွက်အသေးစိတ်ကိုပြောမရသေးဘူး”လို့ သူကပြောပါတယ်။
လက်ရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေရဲ့ အသေးစိတ်အခြေအနေကို CNA ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ရခိုင်စစ်မြေပြင်မှာ စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်ဟာ ဒီရက်ပိုင်းအတွင်း အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာနေတာကိုတွေ့နေရတာလည်းဖြစ်ပါတယ်။




