Home သတင်း စစ်ရေး ရခိုင်မှာ ၃ ရက်အတွင်း စစ်ကော်မရှင်က ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား ၁၀ ကျော်သေဆုံးကာ ၃၀ ကျော်ဒဏ်ရာရခဲ့

ရခိုင်မှာ ၃ ရက်အတွင်း စစ်ကော်မရှင်က ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား ၁၀ ကျော်သေဆုံးကာ ၃၀ ကျော်ဒဏ်ရာရခဲ့

124
0

Coastal News Agency

ရခိုင်က အာရက္ခတပ်တော်သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့နယ်တွေကို စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၂၉ ရက်နေ့ကပင် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ၃ ရက်ဆက်တိုက် လေကြောင်း၊ရေကြောင်း ၊လက်နက်ကြီးအပါအဝင် ဒရုန်းတွေ နဲ့ပါ ပစ်ခတ်တိုက်ခိုက်တာလုပ်ခဲ့ပါတယ်။

အဲဒီလို စစ်ကော်မရှင်ရဲ့ ပစ်ခတ်တိုက်ခိုက်တာကိုခံခဲ့ရတဲ့မြို့တွေကတော့ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ စစ်တွေမြို့နယ် နဲ့ ကျောက်ဖြူမြို့နယ်တွေဖြစ်ကြပါတယ်။

အခုလိုစစ်ကော်မရှင်က အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်ခဲ့တဲ့အတွက် ရသေ့တောင်မြို့နယ်အတွင်းမှာ သေဆုံးသူ ၁ ဦး ကျောက်ဖြူမြို့နယ်အတွင်းမှာ သေဆုံးသူ ၆ ဦး ၊ပေါက်တောမြို့နယ်အတွင်းမှာ သေဆုံးသူ ၁ ဦး နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ သေဆုံးသူ ၄ ဦး စုစုပေါင်းသေ ဆုံးသူ ၁၂ ဦးရှိခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီ ၃ ရက်အတွင်း တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူတွေကတော့ ရသေ့တောင်မြို့နယ် အတွင်းမှာ ၂ ဦး ၊ ကျောက်ဖြူမြို့နယ်အတွင်းမှာ ၁၈ ဦး ၊ ပေါက်တောမြို့နယ် အတွင်းမှာ ၂ ဦး နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ၉ ဦးဒဏ်ရာရသူစုစုပေါင်းဦးရေ ကတော့ ၃၁ ဦးထိရှိခဲ့ရတာလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here