Home သတင်း စစ်ရေး ယာယီသမ္မတ မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို နောက်ထပ် ရက် ၉၀ တိုးကာ စစ်အုပ်ချုပ်ရေး နဲ့ ထပ်မံအုပ်ချုပ်ခွင့်ပေး

ယာယီသမ္မတ မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို နောက်ထပ် ရက် ၉၀ တိုးကာ စစ်အုပ်ချုပ်ရေး နဲ့ ထပ်မံအုပ်ချုပ်ခွင့်ပေး

100
0

Coastal News Agency

မြန်မာနိုင်ငံအတွင်းက မြို့ပေါင်း ၆၃ မြို့နယ်ကို ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး စနစ်နဲ့ အုပ်ချုပ်မယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကော်မရှင် ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၃၁ ရက်နေ့ဟာ စစ်အုပ်ချုပ်ရေးစနစ်ကြေညာ ချက်ရက်ပေါင်း ၉၀ ပြည့်သွားခဲ့တဲ့အတွက် ယာယီသမ္မတ မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို နောက်ထပ် ရက် ၉၀ တိုးကာ စစ်အုပ်ချုပ်ရေး စနစ် နဲ့ ထပ်မံအုပ်ချုပ်ဖို့ အတွက်ကိုခွင့်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ထုတ်ပြန်ချက်ထဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး အမိန့်အမှတ် ၁ နဲ့ ၂ တို့ကိုကိုလည်း ဆက်လက်အ တည်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံ ရေးကောင်စီကလည်း အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်းကြေညာထားတဲ့ တိုင်း၊ ပြည်နယ်တွေက မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ပြီး လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဆီကို ဆက်လက်အပ်နှင်းလိုက်တယ်လို့ ယာယီသမ္မတ မင်းအောင်လှိုင်က ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here