စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကပင် အောက်တိုဘာလ ၃၁ ရက်နေ့ထိ ၆ ရက်တိတိလေကြောင်းတိုက်ခိုက်မှု၊ဒရုန်း နဲ့ ဗုံးကြဲတိုက်လိုက်မှု လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရသူ ၃၁ ဦးရှိခဲ့ရပါတယ်။
စစ်ကော်မရှင်က အခုလို လေကြောင်း၊ဒရုန်း၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို ခံခဲ့ရတဲ့ မြို့တွေကတော့ ရခိုင်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ စစ်တွေမြို့နယ်၊တောင်ကုတ်မြို့ နဲ့ ကျောက်ဖြူမြို့နယ်တွေဖြစ်ကြပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃ ဦးထဲမှာ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက လူမှုကူညီရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ နဲ့ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း အသင်းဝင်ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်း နဲ့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းအသင်းဝင်တစ်ဦးဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ် ၊ပန်းနီလာကျေးရွာက မဖြိုးဖြိုးတို့လည်း ပါဝင်လာနေတာဖြစ်ပါတယ်။
ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း အသင်းဝင်ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်း ကတော့ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာက အရေးပေါ်လူ နာကို တင်ဆောင်ဖို့ သွားရောက်ချိန်မှာ စစ်ကော်မရှင်က လေကြောင်းကနေတဆင့် ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။
အဲဒီလိုဘဲ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းအသင်းဝင်တစ်ဦးဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ် ၊ပန်းနီလာကျေးရွာက မဖြိုးဖြိုးဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ စစ်ကော်မရှင်က ပန်းနီလာကျေးရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ အတွက် သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရခိုင်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြစ်မှတ်တွေကိုပါတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့ အပြင် လူသားအကျိုးပြု ပရဟိတလုပ်ငန်းတွေကိုပါ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို စစ်ရေးပစ်မှတ်သဖွယ် တိုက်ခိုက်တာတွေကို လုပ်ဆောင်လာနေတာကိုလည်းတွေ့နေရပါတယ်။
အာရက္ခတပ်တော်ကတော့ စစ်ရေးအရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ် အနေ နဲ့ ဒီရက်ပိုင်း အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု၊ဒရုန်းဗုံးကြဲတိုက်ခိုက်မှု နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ အတွက် ရခိုင်ပြည်သူတွေ အနေ နဲ့ စစ်ရေးသတိအမြဲထားကြဖို့ကို အသိပေးထုတ်ပြန်ပြောဆိုထားပါတယ်။
ရုပ်သံ – ပေးပို့



