
စစ်ကော်မရှင်တပ်တွေဟာ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ပြီးနောက်မှာ စစ်ဆင်ရေးနယ်မြေကျုံ့သွားတဲ့ အတာကို အခွင့်ကောင်းယူပြီးတော့ အာရက္ခတပ်တော် နဲ့ ရခိုင်ပြည်သူတွေကို အဓိကပစ်မှတ်ထားလေကြောင်းတိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကအောက်တိုဘာလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကပင် အောက်တိုဘာလ ၃၁ ရက်နေ့ထိ ၆ ရက်တိတိလေကြောင်းတိုက်ခိုက်မှု၊ဒရုန်း နဲ့ ဗုံးကြဲတိုက်လိုက်မှု လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရသူ ၃၁ ဦးရှိခဲ့ရပါတယ်။
စစ်ကော်မရှင်က အခုလို လေကြောင်း၊ဒရုန်း၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို ခံခဲ့ရတဲ့ မြို့တွေကတော့ ရခိုင်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ စစ်တွေမြို့နယ်၊တောင်ကုတ်မြို့ နဲ့ ကျောက်ဖြူမြို့နယ်တွေဖြစ်ကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူနေထိုင်ရာ မြို့၊ရွာ၊စာသင်ကျောင်း၊ဆေးရုံ လူနေထူထပ်တဲ့ရပ်ကွက်၊ဘာသာရေး၊လူမှုရေးပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူစုလူဝေးဖြစ်လာတဲ့နေရာတွေကို လူမဆန်စွာ သူရဲဘောကြောင်စွာ နဲ့ လေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဟာ ရခိုင်ပြည်တစ်ခုတည်းမှာ လုပ်ဆောင်နေတာမဟုတ်ဘဲ မြန်မာနိုင်ငံ အနှံ့အပြားမှာ အခုလိုလုပ်ဆောင်နေတာလည်းဖြစ်တယ်လို့ အေအေ ရဲ့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
ဒါ့အပြင် ဒီလုပ်ရပ်တွေဟာ စစ်ကော်မရှင် အနေ နဲ့ အရပ်သားပြည်သူအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ နဲ့ လုပ်ဆောင်နေတာဖြစ်ပြီးတော့ လူသားမျိုးနွယ်အပေါ်မှာ လက်နက်အားကိုး နဲ့ စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျကျူးလွန်နေတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
တဖက်မှာလည်း ပြည်သူတွေကို အခုလို စစ်ကော်မရှင်က သတ်ဖြတ်ပြနေတာဟာ သူတို့ စစ်ရှုံးနေမှုတွေကို ဖုံးကွယ်ဖို့ကြိုးစားအားထုတ်တဲ့ အနေ နဲ့ ကမ်းကုန်အောင် ရက်စက်ယုတ်မာပြနေတာလည်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တဲ့ ညီနောက်မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA တို့တွေထဲက ရှမ်းမြောက်ဒေသမှာ ရှိတဲ့ ကိုးကန့်တပ် MNDAA နဲ့ တအင်းတပ် TNLA တို့ကို ဒီ ၂၀၂၅ ခု နှစ် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် မရှေးမနှောင်း အပစ်ရပ်တာတွေကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
အဲဒီလို ညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက ၂ ဖွဲ့ကိုစစ်ကော်မရှင်တပ်တွေ အနေ နဲ့ အပစ်ရပ် လုပ်နိုင်ခဲ့တာရှိခဲ့ပေမယ့် အာရက္ခတပ်တော်အနေ နဲ့ကတော့ မိမိတို့မျှော်မှန်းထားတဲ့ စစ်ရေးနိုင်ငံရေးရည်မှန်းချက် တွေကို အလုံးစုံပြည့်ဝနိုင်ဖို့အတွက် ရခိုင်ပြည်သူတရပ်လုံး နဲ့ လက်တွဲပြီးတော့စစ်ကော်မရှင်တပ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း ပြည်သူတွေကို အသိပေးပြောဆိုထားပါတယ်။
လက်ရှိမှာလည်း အာရက္ခတပ်တော် အနေ နဲ့ ရခိုင်ပြည်တစ်ခုလုံးကို စစ်ကော်မရှင်တပ်တွေလက်ထဲကနေ အပြီး သတ်သိမ်းပိုက်နိုင်ဖို့ အတွက် လက်တကမ်းအလိုမှာသာ ရှိတော့တာဖြစ်ပြီးတော့ တဖက်မှာလည်း ရခိုင်ရိုးမ နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ပဲခူးတိုင်း၊မကွေးတိုင်း နဲ့ ဧရာဝတီတိုင်း တွေအပြင် အာရက္ခတပ်တော်က စစ်ရေးလှုပ်ရှားနေတဲ့ နေရာတွေမှာ စစ်ကော်မရှင်တပ် နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်နေတာတွေ ရှိနေတယ်လို့ လည်းဆိုထားပါတယ်။




Just checked out 88iwin – pretty solid! Good selection of games and the site’s easy to navigate. Might stick around for a bit. Check it out: 88iwin
Trying to find a reliable link for Xin88 and found xin88link! Hopefully, I will get lucky. Check them out at: xin88link
Looking for the TC Lottery APK download. Where’s the best place to get it safely? Anyone have a link? Find what you’re looking for here: tc lottery apk download
**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.