Home သတင်း ရခိုင်မှာ ကလေးငယ်တွေကို အဓမ္မတောင်းရမ်းခိုင်းတာ နဲ့ ကိုထိလက်ရောက်ကျူးလွန်တာမလုပ်ဖို့ ဂေါတမီရင်ခွင်တောင်းဆို

ရခိုင်မှာ ကလေးငယ်တွေကို အဓမ္မတောင်းရမ်းခိုင်းတာ နဲ့ ကိုထိလက်ရောက်ကျူးလွန်တာမလုပ်ဖို့ ဂေါတမီရင်ခွင်တောင်းဆို

194
0

Coastal News Agency

ရခိုင်ကရပ်ရွာတွေမှာ လူလားမမြောက်တဲ့ ကလေးငယ်တွေကို အတင်းအဓမ္မတောင်းရမ်းခိုင်းတာ နဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်နေတာတွေကို မသိကျေးကျွန်ပြုတာတွေ မလုပ်ကြဖို့ ဂေါတမီရင်ခွင် က တောင်းဆိုထားပါတယ်။

ဂေါတမီရင်ခွင်ဂေဟာကို ရခိုင်က အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်ပျောက်သွားခဲ့ရတဲ့ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ပေးနိုင်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊အာရက္ခတပ်တော် ULA/AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူ တည်ထောင်ထားတဲ့ ဂေဟာတစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိ အဲဒီဂေါတမီရင်ခွင်ဂေဟာရဲ့ တောင်းဆိုချက်ကတော့ “ကျေးရွာတွေမှာ လူလားမမြောက်တဲ့ ကလေးတွေကို အတင်းအဓမ္မတောင်းရမ်းခိုင်းစားတာ ငွေမပါလာခဲ့ရင် ကိုယ်ထိလက်ရောက်သတ်ပုတ်တာတွေကို မြင်တွေ့ခဲ့ရင်မသိကျေးကျွန် ပြုတာ မလုပ်ဖို့ တောင်းဆိုတယ်”လို့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း စာနာပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here