Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမှာ လေကြောင်းရန် သတိထားကြဖို့ အာရက္ခတပ်တော် တိုက်တွန်း

တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမှာ လေကြောင်းရန် သတိထားကြဖို့ အာရက္ခတပ်တော် တိုက်တွန်း

67
3

စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းကပြည်သူတွေ အနေ နဲ့ စစ်ကော်မရှင်တပ်တွေ ရဲ့ လေကြောင်းရန်ကို သတိထားကြဖို့ အာရက္ခတပ်တော်က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အသိပေးတိုက်တွန်းပြောဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်နေတဲ့ နေရာတွေ နဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ဆက်တိုက်ရှိနေသလို ပြည်သူပိုင်အဆောက်အဦးများစွာဟာလည်း ဆက်တိုက်အပျက်စီးမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် အတွင်းက အလယ်ရွာသစ်ကျေးရွာ နဲ့ တောင်ငူကျေးရွာတွေကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ လုပ်ဆောင်ခဲ့တဲ့ အတွက်

ကျေးရွာ (၂) ရွာ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို သေဆုံး၊ ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်း နှင့် လူနေအိမ်အချို ထိခိုက်ပျက်စီး လယ်ရွာသစ်ကျေးရွာက အပြစ်မဲ့ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ တောင်ငူကျေးရွာက အထက်တန်းကျောင်းသူအရွယ် (၁) ဦးအပါအဝင် အမျိုးသမီး (၃) ဦး သေဆုံးခဲ့ရပြီးတော့ အပြစ်မဲ့ ပြည်သူ (၃) ဦးဟာလည်း အပြင်းစား ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းရှိခဲ့ရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အလယ်ရွာသစ်ကျေးရွာအတွင်းမှာရှိတဲ့ အခြေခံပညာမူလတန်း စာသင်ကျောင်း (၁) ကျောင်း၊ တောင်ငူကျေးရွာမှာရှိတဲ့ အခြေခံပညာ အလယ်တန်း စာသင်ကျောင်း (၁) ကျောင်း နဲ့ လူနေအိမ်တစ်ဆောင်ဟာလည်း ပျက်စီးသွားခဲ့ရပါတယ်။

ပုံ – AA Info Desk

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here