ရခိုင် နဲံ မလေးရှားနိုင်ငံတွေကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေ နဲ့ အာရက္ခတပ်တော် – AA စီးပွါးရေးတာဝန်ခံ ၂၄ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန် စွပ်စွဲထုတ်ပြန်လာခဲ့ပြန်ပါတယ်။
စစ်ကော်မရှင် ရဲ့ စွပ်စွဲ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ ညပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ (၁)ရပ်ကွက်၊ ဆင်အိုးဖိုရပ်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉) က မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားတဲ့ ရခိုင် နဲ့ မလေးရှားနိုင်ငံတွေကို ပို့ဆောင်မယ့် အိုက်စ် (ICE) မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ် ခန်းမှန်းတန်ဖိုးကျပ် ၁၂၀ ဘီလျံခန့် နဲ့ အတူ AA အဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်း နဲ့ ပုသိမ်မြို့ မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးသူ လမင်းခန့် တို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီဖမ်းဆီးရမိသူ ၂ ဦးရဲ့ ထုတ်ဖော်ပြောဆိုချက်အရ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာလည်း ဆက်စပ်တရားခံတွေကိုပါ ထပ်မံဖမ်းဆီးရေးတွေ ဆောင်ရွက်ခဲ့တဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဇော်ဂျီလမ်းရှိ ရွှေလမင်းဆေးရုံမှာ နိုင်လင်း၊ ပုသိမ်မြို့နယ်၊ (၉)ရပ်ကွက်၊ ထင်းပုံဆိပ်ကျေးရွာက ဇော်မင်းထွန်း(ခ)ညီပု ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ကောင်းကောင်းဂဏန်းမွေးမြူရေးကန်အရှေ့ရေပြင်က မူးယစ်ဆေးဝါး ပို့ဆောင်ရာတွင်အသုံးပြုတဲ့ MV ရွှေလက်ဝါးကုန်တင်သင်္ဘော တစ်စီး နဲ့ အတူ လှေလုပ်သားတွေဖြစ်ကြတဲ့ မောင်စိုး(ပဲ့နင်း) ၊ ခင်ဝင်း ၊ အောင်ဆန်းဦး ၊ အောင်ဇင်လတ် ၊ ဝင်းနိုင် ၊ အောင်လင်း ၊ ကျော်မင်းလတ်၊ ဟိန်းမင်းသူ ၊ ကျော်ကိုကိုထွေး ၊ သန်းထိုက်ဦး တို့ ၁၀ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီနေ့ နိုဝင်ဘာ ၆ ရက်တစ်နေ့တည်း ညနေပိုင်းမှာဘဲ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်က ဝင်းဝင်းထွန်း(ခ)ဝင်းထွန်း၊ ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြပုလဲသွယ်လမ်းက အောင်မျိုးဝင်း(ခ)မင်းသားကြီး ၊ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာအုပ်စု၊ မော်တော်ကုန်းကျေးရွာက အာဆာ(ခ)ဝတုတ်၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ ဘောဇဝတီဆန်ဆိုင်က မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးတဲ့သူ ဒိုရာစတီဗင် ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။
နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းမှာလည်း ဆိပ်ကြီးခနောင်တိုဆိပ်ကမ်းမှာ လွန်းတင်ထားတဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်တဲ့နေရာမှာ အသုံးပြုတဲ့ MV ရွှေဝတီကုန်တင် သင်္ဘော တစ်စီး၊ အဲဒီနေ့ ညပိုင်းမှာဘဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က မူးယစ်ဆေးဝါးတွေကို အားပုသိမ်မြို့ကနေ မလေးရှားနိုင်ငံကို ပို့ဆောင်ခိုင်းသူ “ဘောဇဝတီ” ဆန်လုပ်ငန်းနဲ့ “Utopia Future” အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတွေကို ဟန်ပြလုပ်ကိုင်နေတဲ့ မောင်ငယ် ဆိုသူကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက် ညနေပိုင်းမှာလည်း ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အင်ကြင်းလမ်းက မူးယစ်ဆေးဝါးပို့ဆောင်တဲ့နေရာမှာပါဝင်ခဲ့တဲ့သူ လှေလုပ်သား အောင်စိုးလင်း နဲ့ အောင်ကိုလင်း တို့ ညီအစ်ကို နှစ်ဦးကိုလည်းထပ်မံဖမ်းဆီးရမိခဲ့သလို နိုဝင်ဘာ ၉ ရက် ညနေပိုင်းကလည်း မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းက ဘောဇဝတီဆန်ဆိုင်အနီးမှာ ထွန်းထွန်းလင်း ကိုလည်းထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုထားပါသေးတယ်။
နိုဝင်ဘာ ၁၁ ရက် နေ့လည်ပိုင်းမှာလည်း မူးယစ်ဆေးဝါးတွေကို ပို့ဆောင်ဖို့ စေခိုင်းသူ ကွင်းဆက်တရားခံ အားဝေ(ခ)ရှောက်ထန် (ခ)သန်းမောင်(ဖမ်းဆီးရန်ကျန်)ရဲ့ အိမ်အမှတ်(၉/၄၇၀)၊ ရတနာလမ်းသွယ်(၈)၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အမေရိကန်နိုင်ငံထုတ် M-4,A-1 သေနတ် တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၂၆ တောင့်၊ အီတလီနိုင်ငံထုတ် BERETTA အမျိုးအစား ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု ၊ အမေရိကန်နိုင်ငံထုတ် SIG SAUER အမျိုးအစားပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု တို့အားလည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်တွင် ကျောင်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဌာနလမ်း၌ ဒိုရာမော့စ် နဲ့ ပုသိမ်မြို့၊ (၃)ရပ်ကွက်၊ မြကျွန်းသာအိမ်ရာရှိ ရွှေမင်းသမီးဟိုတယ်မှာ ပီတာဖိုး တို့ နှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ဆိုထားပါတယ်။
ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်များအရ ဒီမူးယစ်ဆေးဝါးတွေကို AA အဖွဲ့ရဲ့ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနဲ့ အဖွဲ့ကနေပြီးတော့ မလေးရှားနိုင်ငံ နဲ့ ရခိုင်ကို ပို့ဆောင်ဖို့ အတွက်လုပ်ဆောင်ထားတာဖြစ်တယ်လို့ ထွက်ဆိုကြောင်းကို စစ်ကော်မရှင်က စွပ်စွဲပြောဆိုထားပါတယ်။
ဒီစစ်ကော်မရှင်ရဲ့ စွပ်စွဲပြောဆိုချက်တွေ နဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ဘက်ကတော့ တစုံတစ်ရာ တုန့်ပြန်ပြောဆိုထားတာတော့ မရှိသေးပါဘူး။





Hey everyone! I’m looking for new online game to place my bets. Has anyone tried jogo365bet and can share their experiences? Good or bad, I wanna know! Visit here: jogo365bet
Been using sv288 for a bit now. Not bad, decent experience overall.
Ace888, my go-to spot for some quick spins! Always a fun time and the site’s super easy to navigate. Check it out! ace888
Heard cf.goldrush.gameclub on cfgoldrush.net has some cool games. Worth a shot I reckon! cf.goldrush.gameclub.
King88OnlineCasino, eh? Gotta try my luck here, see if I can become royalty myself! Fingers crossed! Ready to be king: king88onlinecasino
Anyone got an OKBet redeem code they wanna share with a pal? Hook me up fam! I’ll owe ya one! Gimme that code: okbet redeem code