Home သတင်း စစ်ရေး စစ်ကော်မရှင်ရဲ့ ပိတ်လှောင်တာကို ခံထားရတဲ့ စစ်တွေက ဒေသခံတွေ ဖမ်းဆီးခံရမှု ဆက်တိုက်ရှိလာနေပြန်

စစ်ကော်မရှင်ရဲ့ ပိတ်လှောင်တာကို ခံထားရတဲ့ စစ်တွေက ဒေသခံတွေ ဖမ်းဆီးခံရမှု ဆက်တိုက်ရှိလာနေပြန်

79
3
ပုံ - စစ်တွေမြို့ မြင်တွေ့ရမှု။

စစ်ရှောင်ထွက်ခွင့်မရဘဲ စစ်ကော်မရှင်တပ်တွေ ရဲ့ ပိတ်လှောင်တာတွေကို ခံထားရတဲ့ စစ်တွေမြို့အတွင်းက ဒေသခံတွေကို စစ်ကော်မရှင်တပ်တွေက ဒီလပိုင်းအတွင်းမှာ တကျော့ပြန် ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတာကိုတွေ့နေရတယ်လို့ စစ်တွေမြို့ဒေသခံတွေက ပြောပါတယ်။

အဲဒီလို စစ်ကော်မရှင်ရဲ့ ဖမ်းဆီးတာကို ခံရတဲ့ ဒေသခံ အများစုဟာ ဝမ်းရေးအတွက် ငါးရှာဖားရှာထွက်တဲ့ လူငယ်တွေ နဲ့ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်နေတဲ့ကြတဲ့ သက်လတ်ပိုင်းလူတွေကို ဖမ်းဆီးမှု ပိုများလာနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၉ နာရီလောက်ကလည်း စစ်ကော်မရှင်တပ်တွေဟာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်အတွင်းကို စစ်အင်အားအလုံးအရင်းနဲ့ ဧည့်စာရင်းစစ်ဆေးမှုကို အကြောင်းပြကာ ဝင်ရောက်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီးတော့ အဲဒီရပ်ကွက် အတွင်းက ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေ ဖြစ်ကြတဲ့ ဦးမောင်ကြီး၊ ဦးမောင်ငယ်၊ ဦးဝင်းနိုင် နဲ့ ဦးညီနန္ဒာဆိုသူ ၄ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ စစ်တွေမြို့ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

“စစ်တွေလူဖမ်းပွဲက ပြန်စလာတယ်လို့ ပြောလို့ရတယ် ဒီလို ဧည့်စာရင်းစစ်ဖမ်းတာ ဘာညာ မလုပ်တာကြပြီ ဒီလအလယ်လောက်မှာ မှ အခုလို လုပ်လာတယ် နေ့တိုင်းလိုလို ဧည့်စာရင်းစစ်တယ်ဆိုပြီးအကြောင်းပြပြီးဝင်စစ်တာတွေရှိတယ်။ဝင်စစ်တဲ့ အခါမှာလည်း အိမ်းပေါ်ဘာညာ ဖုန်းတွေ အကုန်စစ်တယ်။ ၂၁ ရက်နေ့ကလည်း စက်ရုံစုမှာ ဘာမဆိုင်ညာမဆိုင်တဲ့ ဒေသခံတွေကို ဖမ်းသွားတယ်။အဲဒီမတိုင်ခင် ၁၆ ရက်နေ့ကလည်း အဲဒီရပ်ကွက်က ဒေသခံတစ်ဦးကို ဖမ်းဆီးခံရတာရှိသေးတယ်”လို့ သူကပြောပါတယ်။

အဲဒီလိုပဲ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း ဆတ်ရိုးကျရပ်ကွက်အတွင်းက စားဝတ်နေရေးအတွက် ငါးရှာဖားရှာ ထွက်တဲ့ ဒေသခံတွေကို စစ်ကော်မရှင်တပ်တွေ နဲ့ ALP တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာ ၄ ဦးထက်မနည်းရှိတယ်လို့လည်း စစ်တွေမြို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ဒေသတွင်းက ထွက်ခွါခွင့်မရဘဲ ပိတ်လှောင်ခံထားရတဲ့ ဒေသခံပြည်သူတွေအပေါ်မှာ စစ်ကော်မရှင်တပ်က တကျော့ပြန်လူဖမ်းပွဲ ပြန်ရှိလာတဲ့ အပေါ်မှာ ဒေသတွင်း နေထိုင်နေကြတဲ့ ပြည်သူတွေ အနေ နဲ့ စိုးရိမ်ကြောက်လန့်မှုတွေ နဲ့ နေထိုင်နေကြရတယ်လို့လည်း စစ်တွေမြို့ ဒေသခံ တစ်ဦးက အခုလို ထပ်မံပြောဆိုပါတယ်။

“စိုးရိမ်မှုကတော့ ရှိတာပေါ့ သူတို့တွေ ရပ်ကွက်ထဲကို ဝင်လာပြီဆိုရင် ဘယ်သူ့ကို ဖမ်းသွားမလဲ ငါများပါမလားဆိုပြီးတော့ စိုးရိမ်နေရတာပေါ့ သူတို့တွေမှာက ဘာအသိတရားမှမရှိတာ အဆိုးဆုံးက ရခိုင်ဆိုရင် အေအေ လို ဒီနောက်ပိုင်းမှာ သတ်မှတ်လာတာက ဆိုးတယ်။ကုလားတွေကိုတော့ မျက်နှာသာပေးတယ် သိပ်ပြီးတော့ ကုလားရပ်ကွက်တွေကို ဝင်ဖမ်းတာမရှိဘူး”လို့သူကပြောပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ လက်ရှိနေထိုင်နေကြတဲ့ ဒေသခံတွေဟာ စစ်တွေမြို့ကနေ တခြားနေရာတွေကို ထွက်ခွါခွင့် မပြုဘဲ စစ်ကော်မရှင်တပ်က ပိတ်ဆို့ထားတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတဲ့ မြို့နယ် တစ်ခုလည်းဖြစ်သလို အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တို့ မကြာခဏဆိုသလို နှစ်ဖက်တိုက်ပွဲတွေကိုဖြစ်ပွါးလေ့ရှိတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ စစ်ကော်မရှင်က ကျင်းပဖို့ပြန်ဆင်နေတဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ထည့်သွင်းကျင်းပဖို့ ပြင်ဆင်ထားတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါသေးတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here