Home သတင်း စစ်ရေး ကျောက်ဖြူမြို့ သစ်ပုတ်တောင်လမ်းခွဲကို စိုးမိုးနိုင်ရေးအတွက် အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေ

ကျောက်ဖြူမြို့ သစ်ပုတ်တောင်လမ်းခွဲကို စိုးမိုးနိုင်ရေးအတွက် အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေ

129
0
ပုံ - အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ မြင်တွေ့ရမှု။

Coastal News Agency

ကျောက်ဖြူ နဲ့ ရမ်းဗြဲကို ဆက်သွယ်ထားပြီးတော့ စစ်ရေးအတွက် အလွန်တ ရာမှ အရေးပါတဲ့ သစ်ပုတ်တောင်လမ်းခွဲကို စိုးမိုးနိုင်ရေး အတွက် အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ် နဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ဒီသစ်ပုတ်တောင်လမ်းခွဲကို ထိန်းချုပ်နိုင်ရေး အတွက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပင် စတင်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ ကျောက်ဖြူမြို့နယ် အတွင်းက သိုင်းချောင်း နဲ့ ဇိုင်ချောင်းကျေးရွာအနီးတဝိုက်မှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေတာ ဖြစ်ပြီးတော့ စစ်ကော်မရှင်တပ်တွေဘက်ကလည်း လက်နက်ကြီး၊ဒရုန်း အပြင် လေ ကြောင်းပစ်ကူပေးကာ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ကျောက်ဖြူမြို့ ဒေသတွင်းသတင်းအရင်းအ မြစ်က အခုလိုပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာကတော့ သိုင်းချောင်း နဲ့ ဇိုင်ချောင်းကျေးရွာအနီးတဝိုက်မှာ ဖြစ်နေတာ။အာရက္ခတပ်တော်က ကျောက်ဖြူ-ရမ်းဗြဲ-သစ်ပုတ်တောင်လမ်းခွဲကို ထိန်းချုပ်ပစ်ဖို့အတွက်လုပ်နေတာ ဒီလမ်းကြောင်းက စစ်ရေးအတွက်လည်း အရမ်းအရေးကြီးတယ်။စစ်ကော်မရှင်ကတော့ လက်နက်ကြီးတွေ နဲ့ ပစ်ကူပေးတာ အခုအချိန်ထိမနားတမ်းဆက်တိုက်ပစ်ခတ်ပေးနေတယ်။ဒရုန်းတွေ လေကြောင်းတွေကလည်းပစ်ကူပေးတိုက်ခိုက်တာတွေ ရှိနေတယ်”လို့ သူကပြောပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွါးနေတဲ့ နေရာတွေအပြင် ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ဇင်ချောင်းတိုက်နယ်၊ တောင်ကြီးရင်းကျေးရွာ နဲ့ ချောင်းဖျားကျေးရွာတွေကိုပါ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် စစ်ဘေးရှောင်တစ်ဦးထိခိုက်ဒဏ်ရာ ရတာတွေ ရှိသလို နေအိမ် နဲ့ အိမ်မွေး တိရစ္ဆာန်တွေပါသေဆုံးမှုရှိနေတယ်လို့သိရှိထားရကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသူ တစ်ဦးက အခုလိုပြောပါတယ်။

“ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ စစ်ကော်မရှင်က တောင်ကြီးရင်းကျေးရွာ နဲ့ ချောင်းဖျားကျေးရွာတွေကိုလေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ် သားစစ်ဘေးရှောင်တစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ ကနဦးသိထားရတယ်။နော က်ပြီးတော့ နေအိမ်တွေ အိမ်မွေး တိရစ္ဆာန်တွေပါသေဆုံးတာတွေရှိတယ်လို့ သိထားရတယ် အသေးစိတ်အချက်အလက်တွေကိုတော့ ကျနော်တို့ စုဆောင်းနေတယ်။လောလောဆယ်မှာတော့ ကျနော်တို့ ဒီလောက်ဘဲ သိထားရသေးတယ်”လို့ သူကပြောပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်းမှာ ပလက်ဝဒေသ နဲ့ ရခိုင်က မြို့နယ် ၁၄ ခုကို စစ်ကော်မရှင်လက်ထဲကနေ အပြီးသတ်သိမ်းပိုက်ရရှိနိုင်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီနောက်မှာ ကျန်ရှိနေသေးတဲ့ မာန်အောင်၊ကျောက်ဖြူ နဲ့ စစ်တွေမြို့နယ်တွေကို စစ်ကော်မရှင်လက်ထဲကနေ အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့လည်း အာရက္ခတပ်တော်က ပြည်သူတွေကို အသိပေးထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here