Home သတင်း စစ်ရေး ARSA/RSO/ARA တွေအတွက် လက်နက်ခဲယမ်းတွေပို့နေတဲ့ အဖွဲ့ကိုထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိ

ARSA/RSO/ARA တွေအတွက် လက်နက်ခဲယမ်းတွေပို့နေတဲ့ အဖွဲ့ကိုထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိ

116
0

Coastal News Agency

ရခိုင်ကပြည်သူတွေအပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ARSA/RSO/ARA အဖွဲ့တွေကို လက်နက်ခဲယမ်းတွေပို့ဆောင်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထိုင်းအာဏာပိုင်းတွေကဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီလို ဖမ်းဆီးရမိသူတွေထဲမှာ ပါကစ္စတန်နိုင်ငံသား ၁၁ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အီဂျစ်နိုင်ငံသား ၁ ဦး ၊တရုတ်နိုင်ငံသား ၁ ဦး နဲ့ တောင်အာဖရိကနိုင်ငံသား ၂၂ ဦးတို့ ပါဝင်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံဘက်အခြမ်းမှာ စစ်ရေးပြင်းထန်မှုရှိလာတာတွေ နဲ့ အတူ မှောင်ခိုလုပ်ငန်းတွေဟာလည်း ကြီးထွားလာတဲ့ အတွက် နယ်စပ်တလျှောက်မှာ ထိုင်းအာဏာပိုင်တွေအနေ နဲ့ အထူးစောင့်ကြည့်မှုတွေ လုပ်ဆောင်နေတဲ့ အတွက် အခုလို မြန်မာနိုင်ငံဘက်ခြမ်း၊ မြဝတီမြို့နယ်၊ ရွှီက္ကိုလ်မြို့သစ်ဧရိယာဘက်ကနေ သောင်ရင်းမြစ်ကိုကူးဖြတ်ပြီးတော့ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာခဲ့တဲ့လက်နက်မှောင်ခိုအဖွဲ့ကို ထိုင်းနိုင်ငံ၊ဝေါင်ဖရွာအနီးအရောက်မှာ ထိုင်းအာဏာပိုင်းတွေက ဖမ်းမိခဲ့တာလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီဖမ်းဆီးရမိထားတဲ့သူတွေရဲ့ ထွက်ဆိုချက် နဲ့ သက်သေတွေအရ သူတို့ဟာ ရခိုင်ပြည်အတွင်းမှာ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA/RSO/ARA အဖွဲ့တွေဆီကို လက်နက်ခဲယမ်းတွေ ပေးပို့နေတဲ့ အဖွဲ့ဖြစ်ကြောင်းကို အခိုင်အမာ သိရှိခဲ့ရတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေမှာထည့်သွင်း ဖော်ပြထားတာလည်းဖြစ်ပါတယ်။

လက်ရှိဖမ်းဆီးခံထားသူတွေဲက ပါကစ္စတန်နိုင်ငံသား ၁၁ ဦးဟာ ပြီးခဲ့သည့် နှစ်တွေမှာလည်း အရှေ့တောင်အာရှအတွင်းမှာရှိတဲ့ လက်နက်မှောင်ခိုကူးမှုတွေမှာအကြိမ်ကြိမ် ပါဝင်ခဲ့တယ်ဆိုတာကို သိရှိထားရကြောင်းဆိုထားသည်။

တဖက်မှာလည်း ရခိုင်ပြည်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ မွတ်ဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO နဲ့ ARA အဖွဲ့တွေဟာ ရခိုင်ပြည်တွင်းမှာ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နိုင်ဖို့ အတွက် လက်နက်လိုအပ်ချက်‌တွေ ရှိနေတာကို အပြည်ပြည်ဆိုင်ရာ လက်နက်မှောင်ခိုဂိုဏ်းတွေက အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချပြီးတော့ လက်နက်မှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်နေကြောင်းသိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here