၂၀၂၁ ခုနှစ် စစ်ကော်မရှင်(ခေါ်)အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ထောင်ချခံထားရသူ၊ထွက်ပြေးတိမ်းရှောင်နေရသူနဲ့ အမူရင်ဆိုင်နေရသူ စုစုပေါင်းလူ ၈ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်သလို တရားစွဲဆိုထားတဲ့ အမှုတွေကိုလည်းပိတ်သိမ်းပေးလိုက်တယ်လို့နိုဝင်ဘာလ ၂၆ ရက်နေ့ညမှာ စစ်ကော်မရှင်က ထုတ်ပြန်လာပါတယ်။
လွတ်ငြိမ်းခွင့် ပေးလိုက်တဲ့ လူဦးရေ ၈၀၀၀ ကျော်ထဲမှာတော့ ၅၀၅(က)နဲ့ ပြစ်မှုကျခံနေသူ ၇၂၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းနဲ့ ၅၀၅(က)ဖြင့် ပြစ်ဒဏ်ကျခံနေသူ၂၃၆၁ ဦးကိုလည်း ကျခံဖို့ကျန်ရှိနေသေးတဲ့ပြစ်ဒဏ်တွေကိုလျော့ပေါ့ပြီးတော့ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း နဲ့ ၅၀၅(က)နဲ့ ထွက်ပြေးတိမ်းရှောင်နေသူ ၅၁၂ နဲ့ တရားစွဲဆိုခံရသူ ၅၅၈၀ ဦးကိုလည်း အားကြားနာစစ်ဆေးဆဲအမှုတွေ ပိတ်သိမ်းလိုက်တယ်လို့ ဆိုထားပါတယ်။
ဒီလိုစစ်ကော်မရှင်ကရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ထောင်ချခံထားရသူ၊ထွက်ပြေးတိမ်းရှောင်နေရသူနဲ့ အမူရင်ဆိုင်နေရသူ စုစုပေါင်းလူ ၈ ထောင်ကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ ထုတ်ပြန်လာခဲ့တာဟာ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာပြည်လာမယ့် တစ်ရက်အလိုမှာပဲထုတ်ပြန်လာခဲ့တာဖြစ်သလို အမေရိကန်အစိုးရက မြန်မာနိုင်ငံသားတွေအပေါ် ပေးအပ်ထားတဲ့ TPS ယာယီအကာအကွယ်ပေးမှုကို ရပ်ဆိုင်းခဲ့တဲ့နောက်မှာနောက်မှာ ဒီထုတ်ပြန်ချက်ကို စစ်ကော်မရှင်ဘက်က ထုန်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
အခုလို သူတို့ အနေ နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အမှု နဲ့ ပတ်သက်ပြီး လွတ်ငြိမ်းခွင့်ပေးတာ၊တရားစွဲဆိုထားတဲ့ အမှုတွေကိုပိတ်သိမ်းပေးတာတွေဟာ သူတို့ကျင်းပဖို့ လုပ်ဆောင်ထားတဲ့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ မှာကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဝင်ရောက်ပးနိုင်ဖို့ အတွက် အခုလို လွတ်ငြိမ်းခွင့်ကိုပေးတာလို့ လည်းဆိုပါတယ်။




