Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု မြောက်ဦးဆေးရုံ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၀ ကျော် နဲ့ဒဏ်ရာရသူ ၇၀ ကျော််ရှိ

မြောက်ဦးဆေးရုံ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၀ ကျော် နဲ့ဒဏ်ရာရသူ ၇၀ ကျော််ရှိ

43
3

Coastal News Agency

စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအတွင်းက မြောက်ဦးမြို့ ပြည်သူ့ဆေးရုံလေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်းမှာ သေဆုံးသူ ၃၀ ကျော် နှင့် ဒဏ်ရာရသူ ၇၀ ကျော်ထိရှိလာနေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်ကော်မရှင်က မနေ့က ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီကျော်လောက်မှာ ဒီဆေးရုံကို အများပြည်သူ ထိခိုက်သေစေလိုမှု ရည်ရွယ်ချက် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ ဆေးရုံတွင်းဆေးကုသခံနေတဲ့ အရပ်သားပြည်သူ အပါအဝင် ဝန်ထမ်းစုစုပေါင်း သေဆုံးသူဟာ ၃၃ ဦးရှိနေပြီးတော့ ဒဏ်ရာရသူကတော့ ၇၆ ဦးရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

သေဆုံးသူ ၃၃ ဦးထဲမှာတော့ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသး ၁၆ ဦးပါဝင်ပြီးတော့ ဒဏ်ရာရသူ ၇၆ ဦးထဲမှာလည်း အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၁၈ ဦးဟာလည်းစိုးရိမ်ရတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။

စစ်ကော်မရှင်ဟာ အသွင်ကူးပြောင်းရေးအတွက်ဆိုတဲ့ ခေါင်းစဉ် နဲ့ နိုင်ငံတကာအမြင်ကောင်းအောင် ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စကိုလုပ်ဆောင်နေပေမယ့် နိုင်ငံအတွင်းမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေကို ဒီနောက်ပိုင်းပိုမိုလုပ်ဆောင်လာနေတာကိုလည်းတွေ့နေရပါတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here