Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ကျောက်ဖြူမြို့က ကျေးရွာ ၂ရွာကို စစ်ကော်မရှင်ဗုံးကြဲလို စစ်ရှောက် ၈ ဦးထက်မနည်းသေဆုံးဒဏ်ရာရ

ကျောက်ဖြူမြို့က ကျေးရွာ ၂ရွာကို စစ်ကော်မရှင်ဗုံးကြဲလို စစ်ရှောက် ၈ ဦးထက်မနည်းသေဆုံးဒဏ်ရာရ

2099
3

Coastal News Agency

ကျောက်ဖြူမြို့နယ် အတွင်းက ကျေးရွာ ၂ ရွာဖြစ်တဲ့ ငလုံးစုအထက်ရွာ နဲ့ အောက်ရွာတွေကို စစ်ကော်မရှင်က မနေ့က ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၇ နာရီလောက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် ငလုံးစုအထက်ရွာ နဲ့ အောက်ရွာတွေကို စစ်ကော်မရှင်က ကြဲချခဲ့တဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲ ခဲ့အတွက် ကျေးရွာအတွင်း စစ်ဘေးရှောင်ဖို့ ရောက်နေကြတဲ့ စစ်ဘေးရှောင် အရပ်သားပြည်သူ ၈ ဦးထက်မနည်းဟာ သေဆုံးခဲ့ရပြီးတော့ နောက်ထပ်ပြည်သူတွေဟာလည်း ထိခိုက်ဒဏ်ရာ ရရှိတာ ရှိခဲ့ရတယ်လို့ ကျောက်ဖြူမြို့နယ်အတွင်းက စစ်ဘေးရှောင်အရေးကို ကူညီပေးနေသူ တစ်ဦးက အခုလိုပြောပါတယ်။

“အဲဒီရွာက တိုက်ပွဲ ရှိနေတဲ့ နေရာတွေနဲ့ နည်းနည်းဝေးတယ် စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာဖြစ်တယ်။ကျနော်တို့ လတ်တလောသိရှိထားချက်အရကတော့ ၈ ယောက်က ပွဲချင်းပြီးသေတယ်ပြောတယ်။နောက်လည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတာတွေလည်းရှိသေးတယ်လို့သိထားရတယ်”လို့သူကပြောပါတယ်။

သေဆုံးသူ ၈ ဦးထဲမှာ အမျိုးသား ၅ဦး နဲ့ အမျိုးသမီး ၃ ဦးပါဝင်ပြီးတော့ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် နောက်ထပ် ထိခိုက်ဒဏ်ရာ ရရှိမှု အသေး စိတ်အခြေအေနေကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။

ဒီအခြေအနေ နဲ့ပတ်သက်ပြီးတော့ Coastal News Agency သတင်းဌာန အနေ နဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ အဲဒီနေ့တစ်ရက်တည်းမှာဘဲ အာရက္ခတပ်တော်က အပြီးသတ်သိမ်းထားပြီးဖြစ်တဲ့ ဂွမြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း လေကြောင်းတိုက်ခိုက်တာ နဲ့ နေဗီတွေကနေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်ခဲ့တာတွေ ရှိနေခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီကျော်အချိန်ကလည်း စစ်ကော်မရှင်တပ်က မြောက်ဦးမြို့ပြည်သူ့ဆေးရုံးကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ဆေးရုံအတွင်းမှာ ဆေးကုသ ခံနေတဲ့ အရပ်သားပြည်သူ ၃၄ ဦးအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသလို့ နောက်ထပ် ဆေးရုံတက်လူနာ ၈၀ နီးပါးဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here