
အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်တဲ့ ညောင်ကျိုးတပ်စခန်းကို ပြန်ရရေးအတွက် ဦးဆောင်ပြီးတိုက်ခိုက်လာတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဗိုလ်မှူးဝေယံလင်း တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်ရဲ့ လက်ချက် နဲ့ သေဆုံးသွားခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီလိုတိုက်ပွဲအတွင်းမှာ သေဆုံးသွားခဲ့ရတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဗိုလ်မှူးဝေယံလင်းဟာ စစ်တက္ကသိုလ် အပတ်စဥ်(၅၃)ကျောင်းဆင်းဖြစ်ပြီး တော့ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းပြန်ရရေး ထိုးစစ်ဆင်လာချိန် ဒီဇင်ဘာ ၂၂ ရက်နေ့ တိုက်ပွဲမှာ အာရက္ခတပ်တော်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားခဲ့ရတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဗိုလ်မှူးဝေယံလင်း နဲ့ နီးစပ်သူ တစ်ဦးက “ဝေကြီးရေ မနေ့က မင်းအိမ်ကို ရောက်ခဲ့တယ်။ ငါတောင် မဖြေနိုင်လို့ မင်းရဲ့အမျိုးသမီးကို တရားနဲ့ဖြေပါလို့ ပြောမထွက်ဘူး။ မင်း ရင်သွေးလေး နှစ်ယောက်အတွက် ကြံ့ခိုင်ပါလို့ပဲ အားပေးခဲ့တယ်။ မင်း မမြင်လိုက်ရတဲ့ မင်း သမီးလေးအတွက် ဘုရားသခင်ထံ အပ်နှံပြီး လက်တင်ဆုတောင်းပေးခဲ့တယ်” လို့လည်း ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ဗိုလ်မှူးဝေယံလင်း နဲ့ အတူ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြား သေဆုံးမှုတွေလည်း ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိသေဆုံးခဲ့ရတဲ့ ဗိုလ်မှူးဝေယံလင်းဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ် နဲ့ လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှာ G3 အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တယ်လို့လည်း People’ Springက စစ်တပ်အသိုင်း အဝိုင်းကို ကိုးကားပြီးတော့ ရေးသားဖော်ပြထားပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ ပဲခူးတိုင်းအတွင်းက အာရက္ခတပ်တော်ဆီမှာ သူတို့လက်လွတ်ထားခဲ့ရပြီး တပ်စခန်းတွေကို ပြန်လည်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့ နေရာတွေမှာ ထိခိုက်သေဆုံးတာတွေ ဆက်တိုက်ရှိနေသလို အာရက္ခတပ်တော် ဆီမှာလက်ရ ဖမ်းဆီးခံရမှုတွေလည်း ဆက်တိုက်ရှိနေပါတယ်။




Jili games are my new favourite and Jilioklink.com seems to know all about ’em. It’s worth a look: jilioklink
Just checked out m3333win, pretty decent selection of games. Gave it a spin and had some good luck! Worth checking out. Learn more here: m3333win