Home သတင်း စစ်ရေး ရခိုင်သမိုင်းထဲက ပြည်ပရန်သူတွေကြောက်လန့်ခဲ့ရတဲ့ ရှေ့ဟောင်း “ယတြာခေါင်းလောင်း ” ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တူးဖော်ရရှိ

ရခိုင်သမိုင်းထဲက ပြည်ပရန်သူတွေကြောက်လန့်ခဲ့ရတဲ့ ရှေ့ဟောင်း “ယတြာခေါင်းလောင်း ” ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တူးဖော်ရရှိ

120
2

Coastal News Agency

ရခိုင်သမိုင်းမှာ ပြည်ပရန်သူတွေဖိန့်ဖိန့် တုန်အောင် ကြောက်လန့်ခဲ့ရပြီးတော့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ မြောက်ဦးခေတ် ရှေး ဟောင်းသမိုင်းဝင် ယတြာခေါင်းလောင်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်တူးဖော်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်လက်အောက်ခံ သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ APM သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီလို နိုင်ငံတော်ကာကွယ်ရေး နဲ့ စစ်ရေးအတွက် အထူးအရေးပါတဲ့ ယတြာခေါင်းလောင်းကြီးမြုပ်နှံထားတဲ့ နေရာကိုသိရှိသူ အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်ရဲ့ ပြောကြားချက်အရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တူးဖော်ခဲ့ရာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ မဟာမုနိကုန်းတော်ထက်ကနေ ပြီးတော့ ပြန်လည်တူးဖော်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီခေါင်းလောင်းကြီးကို ရခိုင်ပြည်စောင့်ခေါင်းလောင်းကြီးလို့ ခေါ်ဆိုသလို မြောက်ဦးခေတ် ရက္ခိုင်ဘုရင် နရပတိကြီးလက်ထက် (၁၆၃၈ – ၁၆၄၅)ခုနှစ် မှာသွန်းလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

ခေါင်းလောင်းကြီးရဲ့ အမြင့်ကတော့ ၈၆ စင်တီမီတာ၊ အောက်ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီ တာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀စင်တီမီတာ နဲ့ ဂိုင်းလုံးပတ်၂၄ စင်တီမီတာရှိတဲ့ ခေါင်းလောင်းကြီးလည်းဖြစ်ပါတယ်။

ဒီခေါင်းလောင်းပေါ်မှာ ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာသုံးမျိုး နဲ့ ရေးထိုးထားပြီးတော့ အင်း၊အိုင်၊ ခါးလှည့် သုံးမျိုးပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဒီယတြာခေါင်းလောင်းကို တခါတီးလိုက်ရင် အရှေ့ပြည် (၃) ခါပြိုလေ့ရှိတာကြောင့် မြန်မာဘုရင်တွေအဆက်ဆက်က အထူး ထိတ်လန့်တုန်လှုပ် ခြောက်ခြားခဲ့ကြရတဲ့ ခေါင်း လောင်းလည်း ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဦးထွန်အောင် အသက် ၂၅ နှစ်အရွယ် အလံနီပါတီခေတ်မှာ ဒီခေါင်းလောင်းကြီး လုံခြုံရေးအတွက် သူရဲ့ ဖခင် ဦးချင်းအောင်၊ဝရီးတော် စပ်သူ ဦးမြအောင်၊ယောက္ခမ ကျော်လှအောင်၊ အဖိုးချေ ဦးလှထွန်းရီ တို့က ဒီခေါင်း လောင်းကြီးကို မဟာမုနိဘုရားကုန်းတော်မှာ မြုပ်နှံဝှက်ထားခဲ့ကြတာ ဖြစ်တယ်လို့လည်းဆိုထားပါတယ်။

အဲဒီနောက်မှာတော့ သူတို့အသက်သေဆုံးသွားခဲ့ကြတဲ့အချိန်မှာ ဦးထွန်းအောင်ကို ဒီခေါင်းလောင်းကြီး မြုပ်နှံထားတဲ့ နေရာကို ဘယ်သူ့ကိုမှ မပြောဘဲ ထိန်းသိမ်းဖို့ မှာကြားခဲ့တဲ့ အတွက် အသက် ၈၄ နှစ်အရွယ်ရောက်လာတဲ့ အထိ ဦးထွန်းအောင်က ဒီခေါင်းလောင်းရှိတဲ့ နေရာကို မပြောဘဲ ထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဖဆပလပါတီခေတ်မှာ ဖဆပလပါတီက ဒီးခေါင်းလောင်းကို လာရောက်ရှာဖွေတာတွေရှိခဲ့ပြီးတော့ ဒီခေါင်းလောင်းမြုပ်နှံထားတဲ့ နေရာကို ပြောပြနိုင်တဲ့ သူကို တိုက် ၁ လုံး၊ ကား ၁ စီး ပေးဖို့အထိကို ကမ်းလှမ်းခဲ့တာ ရှိခဲ့ပေမယ့် ဦးထွန်းအောင်က ဖွင့်မပြောဘဲ နေခဲ့တယ်လို့ ဆိုပါတယ်။

၁၉၇၉ ခုနှစ် ပါတီကောင်စီခေတ်မှာလည်း ဒီခေါင်းလောင်း ရရှိရေးအတွက် မဟာမုနိဂေါပကအဖွဲ့ကို အဖွဲ့ဝင် ၁၈ ယောက် နဲ့ ဖွဲ့စည်းပေးခဲ့ပြီးတော့ အဲဒီအဖွဲ့ထဲမှာ ဦးထွန်းအောင် အနေ နဲ့ အတွင်း ရေးမှူးအဖြစ်ပါဝင်ခဲ့ရတယ် လို့လည်း ဦးထွန်းအောင်က ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဘဏ္ဍာရေးမှူးဖြစ်သူ တိရစ္ဆာန်ဆရာဝန် မောင်ဇံလှဟာ ရန်ကုန်မှဝန်ကြီးတွေ နဲ့ ပူးပေါင်းပြီးတော့ ဒီခေါင်းလောင်းရရှိရေးအတွက်ကို သူ့ကို နည်းမျိုးစုံးနဲ့ ချဉ်းကပ် ကြိုးပမ်းခဲ့ပေမယ့် သူ့အနေ နဲ့ ဖွင့်မပြောဘဲ နေခဲ့တယ်လို့ ဆိုပါတယ်။

အလံနီပါတီခေတ်၊ စစ်တပ်ထောက် လှမ်းရေးခေတ်မှာလည်းဒီခေါင်းလောင်းရှိတဲ့ နေရာကို ပြောပြဖို့အတွက် သူ့ကို ဖိအားအမျိုးမျိုးပေးပြီးတော့ စစ်ဆေး မေးမြန်းတာတွေကိုလည်းလုပ်ဆောင်ခဲ့ပြီးတော့ နောက်ဆုံးမှာ မေးမရတဲ့အတွက် သူ့ကို ဂေါပက အဖွဲ့ကနေ ထုတ်ပစ်ခဲ့တယ်လို့လည်း ဦးထွန်းအောင်က ဆိုပါတယ်။

အဲဒီနောက်မှာတော့ မဟာမုနိဘုန်းကြီးကျောင်း တိုးချဲ့ဆောက်လုပ်ချိန်မှာ လူတစ်စုက ယတြာခေါင်း လောင်း မြှုပ်နှံထားတဲ့ နေရာကိုသိရှိလာတာကတစ်ကြောင်း၊ သူ့အနေ နဲ့ အသက်အရွယ် ကြီးမြင့်လာမှု ရှိလာတာကတစ်ကြော င်း၊အာရက္ခပြည်သူ့အစိုးရအပေါ် ယုံ ကြည်စိတ်ချရမှုရှိလာတာကတစ်ကြောင်းကြောင့် သူ့အနေ နဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ နှုတ်ပိတ်ထိန်းသိမ်းလာ တဲ့ ဒီခေါင်းလောင်းကြီးကို အာရက္ခတပ်တော်ကို အခုလို ပြောကြားကာ ခေါင်းလောင်းကြီးကို တူးဖော် အပ်နှံခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သူ့အနေ နဲ့ ဒီလိုအာရက္ခတပ်တော်အနေ နဲ့ ရခိုင်ပြည်တစ်ခုလုံး သိမ်းပိုက် ရရှိမှု ရှိလာချိန်၊ပြည်သူယုံကြည်မှု ရရှိထားတဲ့ အစိုးရ ဖြစ်လာချိန်မှာ သူထိန်း သိမ်းစောင့်ရှောက်ခဲ့ရတဲ့ သမိုင်းဝင် ယတြာခေါင်း လောင်းကြီးကို အပ်နှံပေး ခဲ့နိုင်တဲ့အတွက်ကိုလည်း အထူးဝမ်းမြောက်မိတယ်လို့လည်း ဆိုထားပါတယ်။

အဲဒီလို ရှေးဟောင်းသမိုင်းဝင် ယတြာခေါင်းလောင်းကြီးကို ယုံကြည်စွာနဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးကို အပ်နှံပေးခဲ့တဲ့ ဦးထွန်းအောင်ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးက ကျပ်ငွေ သိန်း ၅၀၀ ကို ဆုချီမြှင့် ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက ချီမြှင့်ခဲ့နဲ့ ဆုငွေသိန်း ၅၀၀ ကျပ်ကိုလည်း သူ့အနေ နဲ့ မဟာမုနိဘုန်းကြီးကျောင်းဆောင်ပြီးအောင်ဆောက်လုပ် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိတူးဖော်ရရှိထားတဲ့ ခေါင်းလောင်းကြီးဟာလည်း ရခိုင်သ မိုင်းထဲက ပျောက် ဆုံးနေတဲ့ နာမည် ကြီးယတြာခေါင်းလောင်းဟုတ်မဟုတ်ကို ရခိုင် ရှေးဟောင်း သုတေသနပညာရှင် တစ်ဦးက သုတေသနပြုလုပ်ကာ ဒီခေါင်းလောင်းဟာ စစ်မှန်ကြောင်းကို ခိုင်မာစွာ အတည်ပြုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွဇ်လူမျိုး ရှေးဟောင်းသုတေ သန ပညာ ရှင် Dr. Emmanuel Forchhammer ကလည်း (၁၈၅၁ – ၁၈၉၀)ကပင်ဒီ ယတြာခေါင်းလောင်းဟာ မဟာမုနိကုန်းတော်မှာ ရှိခဲ့ကြောင်းကို”နာမည် တပ်ကာဓာတ်ပုံနဲ့ တကွ ဖော်ပြခဲ့တာလည်း ရှိခဲ့ပါတယ်။

အဲဒီလိုပဲ ၁၉၅၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Mr. R.B Smart ရဲ့ Burma Gazetteer, Akyab District, Volume A မှာလည်းမဟာမုနိဘုရားကုန်းရဲ့အရှေ့ မြောက်ဘက်မှာ ယတြာခေါင်းလောင်းရှိကြောင်း ရေးသားခဲ့ပါတယ်။

ယတြာခေါင်းလောင်းနှင့် ပတ်သက်၍ သပ္ပဒါနပကာရဏကျမ်းတွင် “အရှေ့ အနောက် တောင် မြောက် ပြည်ရွာ မင်းတကာတိုဝ့်ကိုဝ် တထိန့်ထိန့် တလန့်လန့် ပြိုဝ်ပျက်စေလိုဝ်မူကား၊ ကုလားတန်ဖက်ကိုဝ် ဇာတီမုခ်လေးဝနှင့် တည်လေ။ ယတြာခေါင်းလောင်းကိုဝ်လည်း အရှိမုခ်ဝတွင်ဆွဲ၍တီး၊ အရှေ့တရိုင်းပြည်တိုဝ့်သည် တထိန့်လန့်လန့် ပြိုဝ်ပျက်လေ၏” ဟု ဖော်ပြထားသည့်အတွက် ကုလားတန်မြစ်နားဘက်တစ်နေရာရှိ ဥဿလင်းကုန်းတော်နှင့် ဥဿလင်းစေတီသည် ခေါင်းလောင်းမူလတည်ရှိသည့်နေရာ ဖြစ် ကြောင်းလည်း သိရသည်။

ယင်းအပြင် ဤယတြာခေါင်းလောင်း ၌ အင်း ကွက်ကြီး (၈)ကွက် ပါရှိပြီး ယင်းအင်းကွက်များတွင် မြေ(ပထဝီ) အင်း၊ မီး(တေဇော) အင်း၊ ရေ(အာပေါ) အင်း၊ လေ(ဝါယော) အင်း ဟု ဓါတ်ကြီး (၄)ပါးကို အတိုက်တစ်ကွက် အခံတစ်ကွက်ဟု တစ်မျိုးလျှင် နှစ်ကွက်ကျစီ စီမံပြု လုပ်ထားသည်ဟု အင်းဆရာ ကြီးကျွန်းဒေါင်းက ဆိုထား သည်။

ကျွန်းဒေါင်း၏ မှတ်တမ်း၌ ဤယတြာခေါင်း လောင်းသည် မိမိတို့က တိုက်ခိုက်သိမ်းပိုက်လိုသော တိုင်းပြည် (ဝါ) မိမိတို့ အားကျူး ကျော်လာသည့် ရန်သူကို-

(၁) ရေအင်းဖြင့်တိုက်ခိုက်စေနိုင်၏ (ဝါ) ရေအင်းဖြင့် ကာကွယ်စေနိုင်၏။

(၂) မြေအင်းဖြင့်တိုက်ခိုက်စေနိုင်၏ (ဝါ) မြေအင်းဖြင့် ကာကွယ်စေနိုင်၏။

(၃) လေအင်းဖြင့်တိုက်ခိုက်စေနိုင်၏ (ဝါ) လေအင်းဖြင့် ကာကွယ်စေနိုင်၏။

(၄) မီးအင်းဖြင့်တိုက်ခိုက်စေနိုင်၏ (ဝါ) မီးအင်းဖြင့် ကာကွယ်စေနိုင်၏။” ဟု ဖော်ပြထားသည်။

အဆိုပါအင်း၏ အောက်၌လည်း အင်းကွက်ငယ် (၃၀)ကို ပတ်လည်အပြည့် ရေးသွင်းကာ ယင်းအင်းကွက်ငယ် (၃၀)မှာ မိမိတို့၏ အိမ်နီး ပါးချင်းတိုင်းပြည်များ၊ ပြိုင်ဖက် နိုင်ငံများအတွက်ဖြစ်ပြီး ၎င်းတို့မှာ– (၁) ယိုးဒယား၊ (၂) ဘရင်ဂျီ (၃)မုတ္တမ (၄) ပဲခူး (၅) မွန် (၆) သံလျင် (၇) ပြည် (၈) တောင်ငူ (၉) ပုဂံ (၁၀) အင်းဝ (၁၁) အောက် သား (၁၂) ဥဒရစ် (၁၃)ပထန် (၁၄) ရှမ်း (၁၅) သက် အပါအဝင် အိမ်ပါးချင်း တိုင်း ပြည်၊ နိုင်ငံပေါင်း(၃၀) ကို ဦးတည်ခဲ့ကြောင်း တွေ့ရှိရသည်။

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here