Home သတင်း စစ်ရေး ရိက္ခာ ၊ လက်နက်ခဲယမ်းသယ်ယူတာအပြင်ပစ်ကူစစ်ကူပေးတဲ့နေရာမှာ ရေကြောင်းကို အသုံးပြုနိုင်ခဲ့တယ်လို့ မင်းအောင်လှိုင်ပြော

ရိက္ခာ ၊ လက်နက်ခဲယမ်းသယ်ယူတာအပြင်ပစ်ကူစစ်ကူပေးတဲ့နေရာမှာ ရေကြောင်းကို အသုံးပြုနိုင်ခဲ့တယ်လို့ မင်းအောင်လှိုင်ပြော

69
5
ပုံ - စစ်ကော်မရှင်ရေတပ်သင်္ဘောမြင်တွေ့ရမှု။

Coastal News Agency

စစ်ကော်မရှင် အနေ နဲ့ တပ်ဖွဲ့တွေ၊ရိက္ခာတွေ လက်နက်ခဲယမ်းတွေ နဲ့ ပစ်ကူ စစ်ကူပေးတဲ့ နေရာတွေမှာ ရေကြောင်းကို ကောင်းကောင်းအသုံးပြုပြီးတော့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အဲဒီလိုပြောဆိုမှုကို ရန်ကုန်မြို့နယ် သန်လျင်မှာပြုလုပ်ခဲ့တဲ့ တပ်မတော်-ရေ ၇၈ နှစ်မြောက်နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

” ပြည်တွင်းတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ ရေကြောင်းစွမ်းအားအရင်းအမြစ်များသည် မရှိမဖြစ်လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ ရေကြောင်းမှ တပ်ဖွဲ့များ၊ ရိက္ခာများ၊ လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ပေးခြင်းသာမက ပစ်ကူစစ်ကူပေးခြင်းကိုပါ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရတယ်” စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါ့အပြင် စစ်ကော်မရှင်အနေ နဲ့ ခေတ်မှီတဲ့ စစ်ရေယာဥ် အရေအတွက်များများ ပိုင်ဆိုင်နိုင်ဖို့ အတွက်ကိုလည်း ကြိုးပမ်းလုပ်ဆောင်နေတာတွေ ရှိသလို မြစ်တွင်းသွား ဘက်စုံသုံးရေယာဥ်တွေကိုလည်း ကိုယ်တိုင်တည်ဆောက်ပြီးအသုံးပြုနိုင်ခဲ့တာကြောင့် မြစ်တွင်းစစ်ဆင်ရေးတွေမှာလည်း ထိရောက်မှု ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်အနေ နဲ့ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဖရီဂိတ်စစ်ရေယာဉ် အစ မြစ်တွင်းအမြန်သွားတိုက်ခိုက်ရေးရေယာဉ်တွေအဆုံး၊ အထောက်အကူပြုရေယာဉ်တွေပါမကျန် အမျိုးအစားစုံလင်စွာကိုလည်း ဖြည့်ဆည်းပေးနေတာ တွေ ရှိတယ်လို့လည်းဆိုထားပါတယ်။

ဒါ့အပြင်အိမ်နီးချင်းနိုင်ငံရေတပ်တွေနဲ့ ယှဉ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့်ပြီးတော့ တိုက်ခိုက်မှုစွမ်းအားကောင်းတဲ့ စစ်ရေယာဉ်တွေကိုလည်း အမျိုးအစားအလိုက်စုံလင်စွာ အချိုးကျဖွဲ့စည်းဖို့ကိုလည်း လိုအပ်တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီလိုတွေ မကဘဲ ရေတပ်ကိုခြေလျငိတပိအသွင် တိုက်ပွဲဝင်နိုင်ဖို့ အတွက် အမြဲစုဖွဲ့ လေ့ကျင့်မှုတွေကို လေကျင့်ဖို့လိုအပ်ကြောင်းကိုလည်း သူကမှာကြား ခဲ့ပါသေးတယ်။

“ ရေကြောင်းစစ်ဆင်ရေးဟာ ဘက်စုံအသွင်ဆောင်တဲ့ သဘောရှိပြီး စစ်ရေယာဥ်မျိုးစုံ၊ ခေတ်မီလက်နဲ့ လက်နက်စနစ်တွေ၊ အရည်ချင်းပြည့်ဝတဲ့ ရေတပ်သားတွေ ဟန်ချက် ညီညီ ပေါင်းစပ်ဖို့လိုသလို ကမ်းတက်စစ်ဆင်ရေး၊ မြစ်တွင်းစစ်ဆင်ရေး၊ ခြေလျင်အသွင်တိုက်ပွဲဝင်နိုင် ရေးအတွက်ပါ အမြဲစုဖွဲ့လေ့ ကျင့်ထားဖို့လိုပါတယ်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

စစ်ကော်မရှင်ဟာ ရခိုင်က သူတို့ သိမ်းပိုက်ထားဆဲ ဖြစ်တဲ့ ကျောက်ဖြူ၊စစ်တွေ နဲ့ မာန်အောင်မြို့တွေ လက်မလွှတ်ရရေးအတွက်ကို ရေကြောင်းကနေ တဆင့် လက်နက်ခဲယမ်း၊ရိက္ခာ နဲ့ စစ်သည်အင်အားတွေကို ပို့ဆောင်မှု့တွေ ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါတွေအပြင် အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်တဲ့ ဂွ ၊သံတွဲ၊ကျောက်ဖြူ နဲ့ ရမ်းဗြဲမြို့နယ်တွေလို ပါ်လယ်ကမ်းစမ်နဲ့ နီးတဲ့ မြို့နယ်တွေထဲက လူနေရပ်ကွက်တွေကို နေဗီကနေတဆင့် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကိုလုပ်ဆောင်နိုင်ခဲ့ပါသေးတယ်။

အဲဒီလိုဘဲ မန္တ‌လေးတိုင်း၊ကချင်ပြည်နယ်က တိုက်ပွဲတွေမှာလည်း စစ်ကော် မရှင်ဟာ ရေကြောင်းကနေ တပ်ကူ၊ ရိက္ခာနဲ့ ပစ်ကူတာတွေ လုပ်နေပြီး ရေ တပ်အင်အားကို အသုံးပြုနေပါတယ်။

5 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here