Home သတင်း စစ်ရေး စစ်တွေမှာ ALP ဥက္ကဌစောမြရာဇာလင်း ဦးဆောင်ပြီးတော့ ငပိမစားတဲ့ မွတ်ဆလင်တွေကိုပါ ရခိုင်မုန့်တီဖိတ်ကျွေး

စစ်တွေမှာ ALP ဥက္ကဌစောမြရာဇာလင်း ဦးဆောင်ပြီးတော့ ငပိမစားတဲ့ မွတ်ဆလင်တွေကိုပါ ရခိုင်မုန့်တီဖိတ်ကျွေး

137
1
ပုံ - ALP ဥက္ကဌ ကိုယ်တိုင်ဦးဆောင်ကျွေးမွေးခဲ့တဲ့ ရခိုင်မုန့်တီအလှူတွင် လာရောက်စားသုံးနေကြတဲ့ မွတ်ဆလင်များမြင်တွေ့ရမှု။APL

Coastal News Agency

ရခိုင်ပြည်လွတ််​မြောက်​ရေးတပ်မတော် (ALP)က ဥက္ကဌကြီး ​စောမြရာဇာလင်း ကိုယ်တိုင်ဦးဆောင်ပြီးတော့ စစ်တွေမှာ ရှိတဲ့ ပြည်သူတွေ နဲ့ ငပိမစား တဲ့ မွတ်ဆလင်တွေကိုပါ ရခိုင်မုန့်တီဖိတ်ကျွေးခဲ့တယ်လို့ ALP က သတင်း ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ” ရခိုင်ပြည် စစ်​တွေမြို့ရှိ ရပ်မိရပ်ဖပြည်သူများ၊သက် ကြီးရွယ်အိုများနှင့်က​လေးသူငယ်များ၊စစ်​ဘေး​ရှောင်ပြည်သူများအပါအ၀င်ဆင်းရဲဒု​က္ခ​ရောက်​နေ​​သောပြည်သူများကို ဒီဇင်ဘာလ( ၁၈)ရက်​နေ့က လူ မျိုးမ​ရွေး၊ ဘာသာမ​ရွေး၊စိတ်​စေတနာအမှန်ဖြင့် ​​တတ်နိုင်သည့်ဖက်မှ မေတ္တာကိုအရင်းခံ ကရုဏာကိုရင်၀ယ်ပိုက်ပြီး ရခိုင်ပြည်သူများအတွက် မုန့်တီစတုဒီသာကို ကုသိုလ်ဒါနပြုလှူဒါန်းခဲ့တယ်”လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်ပြီးတော့ လှူဒါန်းပေးခဲ့တဲ့ အလှူစတုဒီသာပွဲကြီးကို ​လူဦး​ရေ (၁၀၀၀)​​ကျော်ခန့်လာရောက်ခဲ့တဲ့အ တွက် နေရာထိုင်ခင်းမလုံလောက်တာကြောင့် တစ်သုတ်မှာ လူ ၁၀၀ နူန်း နဲ့ ၁၀ကြိမ်ထိ ခွဲဝေကျွေးမွေးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

1 COMMENT

  1. Если вы хотите эффективно донести информацию до клиента, поэтому важно понимать,

    В чем секрет успешного видео для бизнеса? Это полноценный инструмент для коммуникации, который дает возможность простым языком рассказать о компании.

    Вот здесь можно почитать про виды и применение таких видео,:

    Материал: https://baw-rus.ru/

    Пользуйтесь, очень полезный лонгрид для старта.

LEAVE A REPLY

Please enter your comment!
Please enter your name here