စစ်ကော်မရှင်ကကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့ ပလက်ဝအပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုလုံးမပါလာတော့တာကို စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ဒီဇင် ဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ မှာ တွေ့ရပါတယ်။
စစ်ကော်မရှင်ဟာ ရခိုင်ပြည်ထဲက သူတို့ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ ကျောက် ဖြူ ၊မာန်အောင် နဲ့ စစ်တွေမြို့တွေကို ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထုတ်ပြန်ထားခဲ့သလို ပလက်ဝ၊ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ နဲ့ မြောက်ဦးစတဲ့မြို့နယ် ၁၁ မြို့နယ်ကို ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။
ဒီကြေညာချက်အရ ဆိုရင် စစ်ကော်မရှင်ဟာ အာရက္ခတပ်တော် ထိန်း ချုပ်ထားတဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲ နဲ့ ဂွတွေကို ရွေးကောက်ပွဲ အပိုင်း ၃ မှာ ထည့်သွင်းကျင်းပမယ့် သဘောရှိခဲ့ပါတယ်။
အဲဒါကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့ကထုတ်ပြန်လာတဲ့ အပိုင်း(၃) ရွေးကော က်ပွဲပြုလုပ်နိုင်မဲ့ မြို့နယ်စာရင်းတွေကို ထုတ်ပြန်ကြေညာလာတဲ့လအခါမှာ သူတို့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ထည့်သွင်းကျင်းပဖို့လုပ်ထားတဲ့ ဂွ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်း မြို့နယ် ၄ ခုဟာ မပါဝင်လာတော့တာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါ ရီလ ၂၅ ရက်နေ့ မှာ ကျင်းပမယ့်အပိုင်း ၃ မှာပါဝင်မယ့် မြို့နယ်တွေကတော့ မြို့နယ်ပေါင်း (၆၃) မြို့နယ် မှာကျင်းပမယ်လို့ဆိုထားပါတယ်။
အဲဒီမြို့နယ်တွေကတော့ ကချင်ပြည်နယ် ၅ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ စစ်ကိုင်းတိုင်း ၂ မြို့နယ်၊ တနင်္သာရီတိုင်း ၃ မြို့နယ်၊ ပဲခူးတိုင်း ၈ မြို့နယ်၊ မန္တလေးတိုင်း ၈ မြို့နယ်၊ ရှမ်းပြည်နယ် ၉ မြို့နယ်၊ ဧရာဝတီတိုင်း ၉ မြို့နယ်နဲ့ ရန်ကုန်တိုင်း ၁၇မြို့နယ်တို့ ဖြစ်ကြပါတယ်။





Aog7777 is trending right now? I’m curious. Might be worth a look to see what all the hype is about. I wonder what kind of games or offers they have? Click here aog7777 to explore.