Home မှုခင်း မြောက်ဦးမြို့ ကိုးသောင်းပုထိုးအနီးမှာ အမျိုးသားတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

မြောက်ဦးမြို့ ကိုးသောင်းပုထိုးအနီးမှာ အမျိုးသားတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

52
0

Coastal News Agency

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ ကိုးသောင်းပုထိုးအနီးမှာ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ပစ္စည်းတွေကိုလုယူကာ လုပ်ကြံသတ်ဖြ တ်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလို ပစ္စည်းလုယူခံရပြီးတော့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ သူကတော့ မြောက်ဦးမြို့နယ်၊ မောင်သာကုန်းကျေးရွာက အသက် ၃၈ နှစ်အရွယ် ဦးအောင်သန်းထွန်းဖြစ်တယ်လို့ ဆိုပါတယ်။

ပစ္စည်းလုကာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသူ အလောင်းကိုတော့ ကိုးသောင်းပုထိုးအနီးက လက်ဝဲပိစိတောင်စေတီကုန်းအနီးမှာ စွန့်ပစ်ထားခဲ့ပြီးတော့ သူနဲ့အတူ ပါသွားတဲ့ လက်ဝတ်ရတနာတွေ နဲ့ ဆိုင်ကယ်ကိုတော့ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီလို လုပ်ကြံသတ်ဖြတ်ခံရမှု အခြေအနေ နဲ့ ပတ်သက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here