မာန်အောင်မြို့နယ် က ကြိုတင်မဲ ကောက်ယူတဲ့ နေရာမှာ သေဆုံးပြီးသူများကိုပါ ကြိုတင်မဲ အနေ နဲ့ ကောက်ယူသွားတာတွေ ရှိနေတယ်လို့ ရွေးကောက် ပွဲ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရခိုင်ကသူတို့ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ မာန်အောင် ၊စစ်တွေ နဲ့ ကျောက်ဖြူမြို့တွေမှာ မနေ့က ဒီဇင်ဘာလ ၂၈ ရက်နေ့ က အပိုင်း ၁ ရွေးကောက်ပွဲကို စတင်ကျင်းပခဲ့ပါတယ်။
အဲဒီအတွက် ကြိုတင်မဲ လာကောက်တဲ့ နေရာမှာ သေဆုံးသူအမည်ပါဝင်သူ များကို သူတို့အဘောဆန္ဒအရ ကြိုတင်မဲအဖြစ် နဲ့ ထည့်သွင်းကောက်ယူသွားတာ ရှိတယ်လို့ မာန်အောင်က ရွေးကောက်ပွဲ အခြေအနေကို လေ့လာစောင့်ကြည့်နေသူ တစ်ဦးက အခုလို ပြောပါတယ်။
“မဲထည့်ခွင့်ရှိတဲ့သူတွေစာရင်းကပ်ကတည်းကပင် သေဆုံးပြီးသူတွေ ရဲ့ အ မည်တွေ အများကြီးပါတယ် လာကောက်တဲ့အခါ အဲဒီမရှိတဲ့ သူတွေကို သူတို့က ကြိုတင်မဲ အနေ နဲ့ သူတို့ဘာသာသူတို့ ပေးသွားကြတာကိုတွေ့ရတယ်။ဘယ်ပါတီအတွက် ထည့်တယ်ဆိုတာကိုတော့ မသိဘူး”လို့ သူကပြောပါတယ်။
တဖက်မှာလည်း ဒေသခံတွေဟာ လက်ရှိစစ်ကော်မရှင်က ကျင်းပတဲ့ရွေး ကောက်ပွဲကို မိမိသဘောဆန္ဒမပါဘဲ အကြောက်တရားတစ်ခုတည်း နဲ့သာ သွားရောက်မဲပေးနေကြရတဲ့ အခြေအနေမှာ ရှိနေတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
မနေ့က မဲရုံမှာ မဲသွားရောက်ပေးခဲ့တဲ့ ဒေသခံ တစ်ဦးက “မဲကတော့ သွားပေးလိုက်တယ် မဲသွားမပေးရင်လည်း တစ်ခုခု လုပ်လာမှာကိုစိုးတယ်ပြီးတော့ မဲက ဘယ်သူလာပေးတယ် မပေးဘူးဆိုတာကိုလည်း သူတို့က စာရင်း ကောက်ထားတော့ တစ်ခုခု လုပ်ခံရမှာကိုကြောက်လို့ သွားပေးလိုက်တယ်”လို့ သူကပြောပါတယ်။
အခုလိုသွားရောက်မဲပေးခဲ့ပေမယ့် ဒေသခံတွေ ရင်ဆိုင်နေရတဲ့ ကုန်စျေးနူန်းမြှင့်တက်မှုဒဏ်၊ကျန်းမာရေးအတွက် လုံလောက်တဲ့ ဆေးဝါးကုသခွင့် နဲ့ သွား လာခွင့်တွေ အရင်လို ပြန်ရမှာ မဟုတ်ဘူးဆိုတာကိုလည်း သူတို့ အနေ နဲ့ သိရှိထားပြီးဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
နောက်ထပ်မာန်အောင်ဒေသခံ တစ်ဦးက “ကျနော်တို့ဘာမှမမျှော်လင့်ထားဘူး ကျနော်တို့ကို တစ်ခုခုလုပ်ခံထိမှာစိုးလို့သာသွားပေးရတာ ကျနော်တို့အတွက်လည်း ဘာမှ ထူးမှာမဟုတ်ဘူး”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသကိုပါ အာရက္ခတပ်တော် ဆီမှာ လက်လွတ်ဆုံးရှုံးခဲ့ရပြီးတော့ အဲဒီ မြို့နယ်တွေမှာ သူတို့ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်နိုင်တာ မရှိဘူးလို့ တရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။
တဖက်မှာလည်း မြန်မာပြည်သူတွေ နဲ့ နိုင်ငံတကာကလည်း လက်ရှိ စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အတုအရောင်ရွေးကောက်ပွဲသာဖြစ်တဲ့ အတွက် ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုထားကြပါတယ်။





Been messing around with 91clubcolourtrading. It’s a bit different, but I’m getting the hang of it. Let’s see if I can predict the right colors and make some serious cash! Check it out at 91clubcolourtrading.
**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.