သံတွဲမြို့နယ် ၊ငပလီမြို့ အတွင်းက လင်းသာရပ်ကွက်ကို စစ်ကော်မရှင်က ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၈ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လင်းသာရပ်ကွက်အတွင်းမှာ နေထိုင်နေတဲ့ အရပ်သားပြည်သူ ၉ ဦးဟာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပြီးတော့ နောက် ထပ် ပြည်သူ ၁၂ ဦးဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိထားတယ်လို့ ကနဦးသတင်းတွေ အရ သိရပါတယ်။
သေဆုံးသူ ၉ ဦးထဲမှာတော့ ကလေးငယ် ၃ ဦး နဲ့ သက်ကြီးပိုင်း ၆ ဦးပါဝင်တယ်လို့လည်း ဆိုပါတယ်။
သံတွဲဟာ အာရက္ခတပ်တော် ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ မြို့နယ် တစ်ခုဖြစ်ပြီးတော့ လက်ရှိ စစ်ကော်မရှင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ထည့်သွင်းကျင်းပနိုင်ဖို့အတွက် ရည်ရွယ်ထားခဲ့တဲ့ မြို့နယ် တစ်ခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့ကို ပြန်လည်တိုက်ခိုက်သိမ်းယူဖို့ နည်းလမ်းမျိုးစုံ နဲ့ လုပ်ဆောင်ခဲ့ပေမယ့် ပြန်လည် မရယူနိုင်တော့တာကြောင့် ဒီမြို့ကို ရွေး ကောက်ပွဲမကျင်းပနိုင်တော့တဲ့ မြို့နယ်ဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကော်မရှင်ဟာ အခုလို အရပ်သားပြည်သူတွေကို သေစေလိုကြောင်းရည်ရွယ်ချက် နဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကို လုပ် ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။





Phlove22 got a unique feel to them. Not gonna lie, was kinda impressed! Give it a whirl if you’re bored, yo. Check the link phlove22