အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရခိုင်က မြို့နယ် ၁၄ မြို့နယ် နဲ့ ပလက်ဒေသတွေမှာ အာရက္ခတပ်တော် က ယာဉ်အန္တရာယ် ကင်းစင်ရေးအတွက် ယာဉ်စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသတွေမှာ ၂၀၂၅ ခုနှစ်အတွင်းက ယာဉ်တိမ်းမှောက်တာ၊ ယာဉ်အချင်းချင်း တိုက်မှုဖြစ်ပွားတာ နဲ့ အက်ဆီးဒင်းဖြစ်ပွါးတာတွေ ဆက်တိုက်ဖြစ်ပွါးမှုတွေ ရှိခဲ့တဲ့ အတွက် ဿေဆုံးသူတွေ နဲ့ ဒဏ်ရာရသူတွေ များစွာရှိခဲ့ပြီးတော့ အဲဒီလို ဖြစ်ပွါးမှုတွေ လျှော့ချနိုင်ရေးအတွက် အခုလို ယာဉ်စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာနေတာဖြစ်တယ်လို့ မင်းပြားမြို့ဒေသခံ တစ်ဦးကဆိုပါတယ်။

“အခုမှ လုပ်တာတော့ မဟုတ်ဘူး ပြီးခဲ့တဲ့ နှစ်ကပင် ယာဉ်စည်းကမ်းတွေ ဆောင်ရန်၊ရှောင်ရန်တွေကို ပညာပေးခဲ့တာတွေ ရှိခဲ့တယ် ။ ဆိုင်ကယ်စီးရင်းဦးထုပ်ဆောင်းခိုင်းတာတော့ ဆိုင်ကယ်တွေမှာ နောက် ကြည့်မှန် တပ်ဆင်ဖို့တို့ ၊အချက်ပြမီးတွေကို စနစ်တကျ အချက်အပြပြီးတော့ ကွေ့ကောက်ဖို့ အဲဒါတွေကို သေသေချာချာ ပညာပေးခဲ့တာတွေ ရှိတယ်။ အခုကတော့ ဒီစည်းကမ်းတွေကို ချိုးဖောက်ရင် အရေးယူဆောင်ရွက်တာတွေ လုပ်မယ်လို့ အသိပေးလာတာတွေ့ရတယ်”လို့ သူကပြောပါတယ်။
အဲဒီလို ယာဉ်စည်းကမ်းတွေကို စနစ်တကျ လိုက်နာမှု မရှိသူတွေကို အာရက္ခတပ်တော်က အရင်တုန်းက ထိန်းသိမ်းတာ၊ ခံဝန်ကတိ နဲ့ လွတ်ပေးတာတွေကို လုပ်ဆောင်ပေးခဲ့တာတွေ ရှိခဲ့ပြီးတော့ ဒီနှစ် ၂၀၂၆ ခုနှစ်မှာတော့ ယာဉ်စည်းကမ်းလိုက်နာမှု မရှိတဲ့ သူတွေကို ယာဉ်အန္တရာယ် ကင်းရှင်းရေး နဲ့ မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၈၇ နဲ့ အမှုဖွင့် အရေးယူသွားမှာ ဖြစ်တယ်လို့ အာရက္ခတပ်တော်က မြို့နယ် အလိုက် ဆိုင်းဘုတ်တွေ စိုက်ထူကာ အသိပေးထားတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
ဒါ့အပြင် ကုန်ကား၊ အိမ်စီးကားတွေ အနေ နဲ့လည်း သတ်မှတ်ထားတဲ့ အမြန်နှုန်းအတိုင်းမောင်းနှင်ဖို့ နဲ့ သတ်မှတ်ထားသော နေရာတွေမှာသာ ရပ်နားကြရမှာ ဖြစ်သလို ဆိုင်ကယ်မောင်းနှင်ကြတဲ့ သူတွေ အနေ နဲ့ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းဖို့ မေးသိုင်းကြိုးကို တပ်ဆင်ကြဖို့လိုအပ်သလို ဆိုင်ကယ်တစ်စီးမှာလည်း လူ ၂ ဦးထက် ပိုမစီးဖို့ကိုလည်း စည်းကမ်းထုတ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။
“အခုလို လုပ်တာက ကောင်းတယ် အများပြည်သူအတွက်လည်း အသက်အန္တရာယ်ကင်းရှင်းတယ် ထိရောက်တဲ့ အရေးယူမှု ထုတ်ထားတဲ့ စည်းကမ်းချိုးဖောက်သူကိုတော့ တိတိကျကျအရေးယူဆောင်ရွက်ဖို့တော့လိုတယ် အဲဒီလိုဆိုရင် ဒီယာဉ်မတော်တဆဖြစ်မှုတွေကို လျှော့ကျသွားမှာဖြစ်တယ်”လို့လည်း မြောက်ဦးမြို့နယ်အတွင်းက ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒီယာဉ်စည်းလိုက်နာမှု ရှိ/မရှိဆိုတာကို အာရက္ခတပ်တော် ရဲ့ DLEPS (ဒီလပ်) ဌာနက ကြီးကြပ်ဆောင်ရွက်မှုတွေ စတင်လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။





Heard about kg77casino, going to check it out. Anyone have firsthand experience? Hope it’s fun and pays well. Looking for some easy cash! See it kg77casino