Home သတင်း စစ်ရေး ARSA/RSO ရန်ကြောင့် မောင်တောမှာ မွတ်ဆလင်တွေ နေရပ်စွန့်ခွါထွက်ပြေးနေကြရ

ARSA/RSO ရန်ကြောင့် မောင်တောမှာ မွတ်ဆလင်တွေ နေရပ်စွန့်ခွါထွက်ပြေးနေကြရ

43
1

Coastal News Agency

မောင်တောမြို့နယ် အတွင်းမှာ မွတ်ဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ARSA/RSO တွေရဲ့ ရန်ကြောင့် ဒေသတွင်းမှာ နေထိုင်နေတဲ့ မွတ်ဆလင်တွေဟာ နေရပ်စွန့်ခွါထွက်ပြေးမှုတွေ ရှိနေကြရတယ်လို့ မောင်တောမြို့ဒေသခံ တွေပြောပါတယ်။

အဲဒီလို နေရပ်ကို စွန့်ခွါပြီးတော့ ထွက်ပြေးလာကြရတဲ့ ဒေသခံတွေကတော့ မောင်တောမြို့၊ကျောက်ချောင်းကျေးရွာ နဲ့ ဖက်လိပ်ပြင်ကျေးရွာတွေမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေဖြစ်ကြပြီးတော့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ ARSA/RSO အဖွဲ့တွေရဲ့ ပြန်ပေးဆွဲတာ၊ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် ဒေသခံတွေကို ဓားစာခံ အနေ နဲ့ ဖမ်းဆီးကာ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်တဲ့ အတွက် အခုလိုနေရပ်ကို စွန့်ခွါကာ ထွက်ပြေးလာကြရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီလို နေရပ်စွန့်ခွါပြီးတော့ ထွက်ပြေးလာကြတဲ့ မွတ်ဆလင်တွေကို အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရက ဘေးလွတ်ရာနေရာတွေကို ပြောင်းရွေ့ပေးထားပြီးတော့ နေထိုင်စားသောက်ရေး၊ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြင် လိုအပ်တာတွေကိုလည်း ကူညီဆောင်ရွက်ပေးထား တယ်လို့ အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရ ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မွတ်ဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ ARSA/RSO အဖွဲ့တွေဟာ ရခိုင်က ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေကို စစ်ကော်မရှင်တပ်တွေလက်ထဲကနေ အာရက္ခတပ်တော်က သိမ်းပိုက်ပြီးတဲ့ နောက်မှာ အာရက္ခတပ်တော်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်တာ၊လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ပြန်းပေးဆွဲငွေတောင်းတာ စတဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်လျှက်ရှိနေပါတယ်။

တဖက်မှာလည်း အခုလိုမွတ်ဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ARSA/RSO အဖွဲ့တွေအနေ နဲ့ ရခိုင်ဒေသမှာ အကြမ်းဖက်မှု လုပ်ရပ်တွေလုပ်ဆောင်နေတာတွေကို အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက အကျင့်ပျက်နေတဲ့ BGB တပ်မှူးတွေက အားပေးအားမြှောက်လုပ်ဆောင်ပေးနေတာတွေ ရှိနေတယ်လို့လည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။

အဲဒီလို အကျင့်ပျက်နေတဲ့ BGB တပ်မှူးတွေရဲ့ လုပ်ရပ်တွေကြောင့် မိမိတိုအကြားတွင်ရှိနှင့် ပြီးသား နဲ့ တည်ဆောက်နေကြတဲ့ ယုံကြည်မှုတွေကို ဆုတ်ယုတ်စေပြီးတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here