Home သတင်း စစ်ရေး တော်လှန်ရေးခရီးကြမ်းကို တည့်မတ်အောင် လျှောက်ဖို့ ကူညီခဲ့တဲ့ ULA /AA ကိုကျေးဇူးတင်တယ်လို့ ယောတပ်တော်ထုတ်ပြန်

တော်လှန်ရေးခရီးကြမ်းကို တည့်မတ်အောင် လျှောက်ဖို့ ကူညီခဲ့တဲ့ ULA /AA ကိုကျေးဇူးတင်တယ်လို့ ယောတပ်တော်ထုတ်ပြန်

47
4

Coastal News Agency

ခက်ခဲ့ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းနိုင်ဖို့ အတွက်အစဥ်တစိုက် အနီးကပ်ကွပ်ကဲ ထောက်ပံ့ကူညီ ပြီးတော့ အကြံဉာဏ်တွေ ပေးခဲ့တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( ULA/AA) ကို အထူးကျေးဇူးတင် လေ့စားဂုဏ်ပြုတယ်လို့ ယောတပ်တော်(Yaw Army) က ထုတ်ပြန် ပြောဆိုပါတယ်။

ဒီလို ထုတ်ပြန်ပြောဆိုမှုကို ဒီနေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျရောက်တဲ့ ယောတပ်တော်(Yaw Army) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။

အဲဒီလိုဘဲ ယောတပ်တော်(Yaw Army) ကို စစ်ရေး၊နိုင်ငံရေးအကြံဉာဏ် တွေ နဲ့ တခြားအကူအညီတွေ ပေးအပ်ခဲ့ပြီးတော့ စိတ်ခွန်အားတွေ ပေးခဲ့တဲ့

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) ကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုထားပါသေးတယ်။

တဖက်မှာလည်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် – ပကဖ) နဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF)ကလည်း ယောတပ်တော် ထူးထောင်ချိန် ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းကြုံနေရချိန်မှာ ကူညီဖြေရှင်းပေးခဲ့တဲ့ အပေါ်မှာလည်း ကျေးဇူးတင်တယ်လို့ ဆိုထားပါသေးတယ်။

ဒါ့အပြင် ယောတပ်တော် နဲ့ အတူ ရပ်တည်ပြီးတော့ တိုက်ပွဲဝင်ခဲ့ကြတဲ့မဟာ မိတ်တော်လှန်ရေး အဖွဲ့အစည်းတွေကိုလည်း ယောတပ်တော် အနေ နဲ့ လေး နက်စွာ မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဆိုထားပါသေးတယ်။

ယောတပ်တော် အနေ နဲ့ ဒီ (၂) နှစ်တာကာလအတွင်းမှာ စစ်ကော်မရှင်ရဲ့ ဖိနှိပ်သတ်ဖြတ်အကြမ်းဖက်တာတွေ နဲ့ တိုက်ခိုက်မှုဒဏ်တွေကိုလည်း ခါး စည်းကာ ကြံ့ကြံ့ခံရပ်တည်တိုက်ပွဲဝင်ခဲ့ကြတဲ့ ယောပြည်သူလူထုရဲ့ ပေးဆပ်မှု၊ ရဲရင့်မှု နဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကိုလည်း အလွန်ဘဲ လေးစားဂုဏ်ယူဖို့ကောင်းတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာလည်း စစ်အာဏာရှင် ရဲ့ ဖိနှိပ်မှုမျိုးစုံကို အံတုပြီးတော့ ယောတပ်တော် အပေါ်မှာ ကူညီထောက်ပံ့နေဆဲ ဖြစ်တာကြောင့် ယောတပ်တော် အနေ နဲ့ ပြည်သူလူထု ရဲ့ ကျေးဇူးတရားကို ဘယ်တော့မှ မေ့လျော့ဖောက်ပြန်သွားမှာ မဟုတ်ဘူးလို့လည်း ပြည်သူ​တွေကို ကတိသစ္စာပြုပြောဆိုထားပါသေးတယ်။

အဲဒါကြောင့် ယောတပ်တော် အနေ နဲ့ ယောဒေသ လွတ်မြောက်ရေး အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးဆီသို့ အစဉ်တစိုက် ဦးတည်ချီတက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုထားပါသေးတယ်။

ယောတပ်တော်ဟာဖြစ်ပေါ်လာဖို့ အတွက်ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဆီမှာ ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီးတော့ စစ်ပညာသင်ယူခဲ့ကြပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့အစည်း အသီးသီးကို နယ်မြေအလိုက် ထူထောင်ကာ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်မှာ ဒေသကာကွယ်ရေးအဖွဲ့အစည်းစုပေါင်းပြီးတော့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (YRPA) ကို ထူထောင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် ယောတပ်တော်အဖြစ် ထူထောင်ရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

4 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here