Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု လင်းသာရပ်ကွက် ဗုံးကြဲတိုက်ခိုက်ခံရမှု အတွင်းက ဆေးကုသနေတဲ့ လူနာတစ်ဦးထပ်မံသေဆုံး

လင်းသာရပ်ကွက် ဗုံးကြဲတိုက်ခိုက်ခံရမှု အတွင်းက ဆေးကုသနေတဲ့ လူနာတစ်ဦးထပ်မံသေဆုံး

27
0
ဆေးကုသခံနေရင်း သေဆုံးခဲ့ရသူ ဦးဝင်းနိုင် ရုပ်အလောင်းမြင် တွေ့ရမှု။

Coastal News Agency

သံတွဲမြို့နယ်၊ငပလီမြို့ လင်းသာရပ်ကွက် အတွင်းကို စစ်ကော်မရှင်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ ညေန ၈ နာရီလောက်မှာ လေ ကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှု အတွင်းမှာ အရပ်သားပြည်သူ ၉ ဦးဟာ ပွဲချင်း ပြီးသေဆုံးခဲ့ရပြီး ဒဏ်ရာ ရသူ ၁၀ ကျော်ဟာလည်း အရေးပေါ်ဆေးကုသမှု ခံယူခဲ့ကြရပါတယ်။

အဲဒီလို အရေးပေါ်ဆေးကုသ ခံယူနေတဲ့ သူ ၁၀ ကျော်ထဲက အသက် ၅၄ နှစ်အရွယ် ရှိတဲ့ ဦးဝင်နိုင် ဟာလေကြောင်းတိုက်ခိုက်မှု အတွင်းက ရရှိထားတဲ့ ဒဏ်ရာ ပြင်းထန်တဲ့ အတွက် ဆေးကုသမှုခံယူရာကနေ ဇန်နဝါရီလ ၅ ရက်နေ့မှာ ထပ်မံသေဆုံးခဲ့ရတယ်လို့ ငပလီမြို့ ခံတစ်ဦးက ပြောပါတယ်။

“မနေ့က ဆုံးတာပါ ဆေးကုသခံနေရင်းကနေ ဒဏ်ရာတွေကလည်းပြင်းထန်တော့ ဆုံးသွားတာဖြစ်ပါတယ်”လို့ သူကပြော။

သံတွဲမြို့ဟာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးတော့ ပြန် လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပြီးဖြစ်တဲ့ မြို့နယ် တစ်ခုလည်းဖြစ်ပါတယ်။

ဒါ့ပေမယ့် စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်ဆီမှာ လက်လွတ်ထားခဲ့ရတဲ့ ဒီမြို့ကို အာရက္ခတပ်တော်ကို အငြိုးအတေးထားကာ အရပ်သားပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် အခုလိုသေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားချိန်ကပင် ရခိုင်သို့ ဆေးဝါးတင်သွင်းခွင့်တွေကို ပိတ်ပင်ထားခဲ့တဲ့ အတွက် ဆေးရုံးတွင်း ဆေးဝါးလုံလောက်မှု မရှိတာတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပုံ – Thet Lwin Phyo

LEAVE A REPLY

Please enter your comment!
Please enter your name here