Home သတင်း စစ်ရေး ARSA အဖွဲ့ဖမ်းဆီးပြီးပျောက်ဆုံးနေတဲ့ ​အမျိုးသမီး ၂ ဦး နဲ့ ကလေးငယ်တစ်ဦးအသက် အန္တရာယ် စိုးရိမ်စရာဖြစ်နေ

ARSA အဖွဲ့ဖမ်းဆီးပြီးပျောက်ဆုံးနေတဲ့ ​အမျိုးသမီး ၂ ဦး နဲ့ ကလေးငယ်တစ်ဦးအသက် အန္တရာယ် စိုးရိမ်စရာဖြစ်နေ

28
3

Coastal News Agency

အကြမ်းဖက် ARSA အဖွဲ့က ဖမ်းဆီးသွားပြီးပျောက်ဆုံးနေတဲ့ အမျိုးသမီး ၂ ဦး နဲ့ ကလေးငယ်တစ်ဦးရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ဖွယ်ရာ ရှိနေတယ် လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ သူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ အမျိုးသား ၂ ဦး အမျိုးသမီး ၃ ဦး နဲ့ ကလေးငယ် တစ်ဦးတို့ဟာ မောင်တောမြို့ကနေ မိုင် ၅၀ လောက်ဝေးတဲ့ မြောက်ပိုင်းဘော်ဒူလာက နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကူးပြီးတော့ ဆေးကုသဖို့ သွားရောက်ချိန်မှာ မွတ်ဆလင်အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။

အဲဒီလို ARSA အဖွဲ့ဖမ်းဆီးတာကို ခံလိုက်ရပြီးနောက်မှာတော့ အမျိုးသား ၂ ဦးဖြစ်တဲ့ ကိုအာကျော် ၊ကိုရန်နောင်စိုး နဲ့ နောက်ထပ်အမျိုးသမီး တစ်ဦးဟာ အကြမ်းဖက်မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ နောက်ထပ်အမျိုးသမီး ၂ ဦး နဲ့ ကလေးငယ် တစ်ဦးတို့ဟာ အကြမ်းဖက်မွတ်ဆလင် လက် နက်ကိုင်အဖွဲ့လက်ထဲမှာ ကျန်နေခဲ့တာ ဖြစ်ပြီးတော့ လက်ရှိအချိန်ထိ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ ထွတ်ပြေးလွတ်မြောက်လာတဲ့ ကိုရန်နောင်စိုး ဇနီးဖြစ်သူက ပြောပါတယ်။

“အမျိုးသမီး ၂ ဦးနဲ့ ကလေးကတော့ သူတို့လက်ထဲမှာ ဖြစ်တယ် ကျမအမျိုး သား နဲ့ နောက်တစ်ယောက်က ထွက်ပြေးလွတ်မြောက်လာတယ်။ဖမ်းသွားပြီးတဲ့ နောက်မှာ အမျိုးသား ၂ ဦးကို တဖွဲ့ အမျိုးသမီး ၃ ဦး နဲ့ ကလေးငယ်ကို တဖွဲ့ က ခေါ်သွားတယ် ပြောတယ်။ အဲဒီမှာ ကျမအမျိုးသား နဲ့ နောက်တစ်ယောက်က ထွက်ပြေးလွတ်မြောက်လာသလို ဟိုဘက်အဖွဲ့ နဲ့ ပါသွားတဲ့ အ မျိုးသမီး ၃ ဦးထဲက တစ်ဦးဟာလည်း ထွက်ပြေးလို့ ပြန်လွတ်မြောက်လာခဲ့တယ်”လို့ သူ့အမျိုးသားပြောပြမှုကို သူက ပြန်လည်ပြောပြပါတယ်။

လက်ရှိအကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ ARSA အဖွဲ့လက်ထဲမှာ ကျန်နေခဲ့တဲ့ သူတွေကတော့ အသက် ၃၈ နှစ်အရွယ် မစိုးစိုးခိုင် သားဖြစ်သူ ၉နှစ်အရွယ်မောင်ဝေယံလင်း နဲ့ အသက် ၃၂ နှစ်အရွယ် မသန္တာစိုးတို့ ဖြစ်ကြပါတယ်။

အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်လာတဲ့ သူတွေကိုလည်း ARSA အဖွဲ့က သူတို့ ဖမ်းဆီးချိန် မှာ ရိုက်နှက်ထားတဲ့ အတွက် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိထားတာ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီလို ရိုက်နှက်မှုတွေ ရှိတဲ့ အတွက်လက်ရှိသူတို့ လက်ထဲမှာ ကျန်နေခဲ့တဲ့ ကလေးငယ် နဲ့ အမျိုးသမီး ၂ ဦးအတွက်ဟာလည်း စိုးရိမ်စရာ အခြေအနေမှာ ရှိနေတယ် လို့ ကိုရန်နောင်စိုးအမျိုးသမီးက ပြောပါတယ်။

“စိုးရိမ်စရာကောင်းတာပေါ့ အခုအချိန်ထိ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိသေးတာ သူတို့ဖမ်းတယ်ဆိုရင် အရှင်ပြန်လာနည်းတယ် ပြည်သူဘာညာ သူတို့မှာ သိတာ မဟုတ်ဘူး”လို့ သူကပြောပါတယ်။

ရခိုင်မှာ နေထိုင်နေကြတဲ့ ပြည်သူတွေဟာ စစ်ကော်မရှင်က ဆေးရုံဆေးခန်းတွေ အပါအဝင် အရပ်သား နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲတိုက် ခိုက်တာတွေ လုပ်ဆောင်မှု ရှိနေတဲ့ အတွက် လေကြောင်း အန္တရာယ်အခြေ အနေ တွေကြောင့် ဆေးရုံဆေးခန်းတွေ မဖွင့် လှစ်နိုင်ဘဲ ကျန်းမာရေး စောင့် ရှောက်မှုတွေ နဲ့ ကင်းဝေနေကြရပါတယ်။

အဲဒါကြောင့် ဒေသခံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရနိုင်ဖို့ အ တွက် တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတွေကို သွားရောက်ပြီးတော့ ဆေးကုသတာတွေ ခံယူနေကြရတာလည်း ဖြစ်ပါတယ်။

အဲဒီလို သွားရောက်နေရချိန်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို အခြေပြုပြီးတော့ ရခိုင်ကို အကြမ်းဖက်မှုလုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ ARSA အဖွဲ့ဟာ ခရီး သွားလာနေတဲ့ ရခိုင်ဒေသခံပြည်သူတွေကို ခြုံခိုတိုက်ခိုက်တာ၊ သတ်ဖြတ်တာတွေ ကို အရင်ကထက် ပိုမိုလုပ်ဆောင်လာနေတာကိုလည်း တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here