ရခိုင်ပြည် ရဲ့ မြို့တော်စစ်တွေမြို့က စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော်က ဒီရက်ပိုင်းအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တွေမြို့ဟာ စစ်ကော်မရှင်လက်အောက်မှာ ရှိနေဆဲ ဖြစ်တဲ့ မြို့နယ် တစ်ခု ဖြစ်ပြီးတော့ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်နေတဲ့ မြို့နယ် တစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကစပြီးတော့ အာရက္ခတပ်တော်ဟာ စစ်တွေမြို့နယ် အတွင်းက စစ်ကော်မရှင်တပ်တွေ တပ်စွဲနေထိုင်လျှက်ရှိနေတဲ့ တောကန်ကျေးရွာစခန်း၊ အမြင့်ကျွန်းစခန်း၊ ကံ့ကော်ကျွန်း၊ သိန်းတန်စခန်းစတဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက အခုလိုပြောပါတယ်။
“ပစ်ခတ်မှုတွေတော့ နှစ်စပိုင်းမှာ ဆက်တိုက်ရှိနေတယ် အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်တာပါ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေ နဲ့ ဆက် တိုက်ပစ်ခတ်တိုက်ခိုက်တာ ဖြစ်တယ် မနေ့ကထိ တိုက်ပွဲကဖြစ်နေတုန်းပါ တနေကုန်ဖြစ်တာတော့ မဟုတ်ဘူး”လို့ သူကပြောပါတယ်။
အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကိုလည်း စစ်ကော်မရှင်က အ ပြင်းအထန်ခုခံတိုက်ခိုက်နေပြီးတော့ နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့ထဲမှာ ရှိနေတဲ့စစ်ကော်မရှင်ရဲ့ တပ်ရင်းတွေက အာရက္ခတပ်တော် ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကိုလည်း လက် နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင် နေတာတွေ ရှိနေသလို စစ်တွေမြို့နယ်အထဲမှာ ရှိတဲ့ ဝါဘို၊ မင်းလှကျေးရွာတွေကိုလည်း လက်နက်ကြီး၊ဒရုန်းတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာ တွေ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိအာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ နေရာတွေမှာလည်း စစ်ကော်မရှင်တပ်တွေဘက်က အကျအရှုံးတွေ နဲ့ ရင် ဆိုင်နေရပြီးတော့ မြို့ပေါ်မှာဖြည့်တင်းထားတဲ့ အင်အားတွေကို တိုက်ပွဲ ရှိရာနေရာတွေကို ဆက်တိုက်ပို့ဆောင်နေရတာတွေလည်း ရှိနေတယ်လို့ တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေတဲ့ စစ်တွေ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
“စစ်ကော်မရှင်ဘက်က အထိနာတယ် တိုက်ပွဲ ဖြစ်နေတဲ့နေရာတွေမှာ မြို့ပေါ် အင်အားတွေကို အဲဒီကို ဆက်တိုက်ပို့နေရနာတွေလည်း ရှိနေတယ်။အခု မြို့ပေါ်အင်အားကို အဲဒီကိုပို့နေရတာက သိသိသာသာကြီးကို တွေ့နေရတယ်”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းမှာလည်း အာရက္ခတပ်တော်က စစ်တွေ ဒကစ – ဌာနချုပ်အနီးကို လက်နက်ကြီး၊ဒရုန်းတွေ နဲ့ တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ကော်မရှင်တပ်တွေဘက်က အကျအရှုံးတွေ ရှိခဲ့တယ်လို့လည်းသိရပါတယ်။
သတင်း – ဟိန်းဆက်





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.