Home သတင်း စစ်ရေး ကျောက်ဖြူကို ၂၀၂၆ ခုနှစ် နှစ်စပိုင်းမှာ အာရက္ခတပ်တော် က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လာ

ကျောက်ဖြူကို ၂၀၂၆ ခုနှစ် နှစ်စပိုင်းမှာ အာရက္ခတပ်တော် က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လာ

36
0

Coastal News Agency

ရခိုင်က စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ မြို့နယ် တစ်ခုဖြစ်တဲ့ ကျောက်ဖြူကို အာရက္ခတပ်တော်က ဒီ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လာနေတာကိုတွေ့နေရတယ်လို့ စစ်ရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ လောက်ကပင် ၂၀၂၅ ခုနှစ်ကုန်ပိုင်းအထိ ကျောက်ဖြူမြို့ နယ်အတွင်းမှာ ရှိတဲ့စစ်ကော်မရှင်တပ်စခန်းတချိူ့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်တပ်အရာရှိတချို့ကိုလည်း အရှင်ဖမ်းဆီးရမိတာ နဲ့ အသေဖမ်းဆီးရမိတာတွေ ဆက်တိုက်ရှိခဲ့ပါတယ်။

လက်ရှိ ဒီ ၂၀၂၆ နှစ်အစပိုင်းဖြစ်တဲ့ ဒီဇန်နဝါရီလ အတွင်းမှာလည်း အာရက္ခတပ်တော်ဟာ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်ကော်မရှင်တပ်စခန်းတွေကို အရင်ကထက် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်တာတွေကိုလုပ်ဆောင်လာနေပြီးတော့ ဒီရက်ပိုင်းအတွင်းမှာတော့ ကျောက်ဖြူမြို့နယ် အတွင်းက ဂေါ်တူ၊ ကုလာဘာ နဲ့ သိုင်းချောင်းကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးစောင့်ကြည့်နေသူ တစ်ဦးက ပြောပါတယ်။

“ဒီနှစ်စပိုင်းမှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေက ပိုပြီးအရှိန်မြှင့်လာတာတွေ့ရတယ် ။ပြီးခဲ့တဲ့ နှစ်က ငလျင်ကြီးလှုပ်ခတ်မှု ပြီးတဲ့ နောက်မှာ အေအေ က ထိုးစစ်ကို အကန့်အသတ်နဲ့ လုပ်ခဲ့တယ် အခုတော့ ပြန်ပြီးပြင်းပြင်း ထန်ထန်လုပ်လာနေတယ်”လို့ သူကပြောပါတယ်။

အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ နှစ်တွေက ထိုးစစ်တွေမှာ ကျောက်ဖြူမြို့ အတွင်းက စစ်ကော်မရှင် တပ်စွဲနေထိုင်နေတဲ့ နေရာ အများစုကို ထိန်းချုပ်မှု လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း တရုတ်က နည်းပညာအကူ၊ လေကြောင်းတိုက် ခိုက်မှု အကူအညီတွေကြောင့် အာရက္ခတပ်တော်ထိန်းချုပ်ထားပြီးဖြစ်တဲ့ နယ်မြေတချို့ကို ပြန်လည်ရယူနိုင်တာတွေလည်း ရှိခဲ့ရပါတယ်။

ဒါပေမယ့် ဒီနှစ်အစပိုင်းမှာတော့ အဲဒီလို ပြန်လည်လက်လွတ်ပေးခဲ့ရတဲ့ နေ ရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြှင့် လုပ်ဆောင်လာနေတဲ့ အတွက် စစ်ကော်မရှင်ကလည်း အပြင်းအထန်ခု ခံရင်း စစ်ရေး အရှုံး နဲ့ ရင်ဆိုင်နေရတာကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်းနှစ်ဖက်တိုက်ပွဲ ပြင်းထန်လာနေမှု နဲ့ အတူ ဒေသခံအရပ်သားပြည်သူတွေဟာ အိုးအိမ်စွန့်ခွါထွက်ပြေးနေရမှုတွေ ကိုမိုရှိလာနေပြီးတော့ အရေးပေါ်စားသောက်ရေးအတွက် အကူအညီတွေ ပေးဖို့ လိုအပ်ချက်တွေလည်း အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေကတိုးလာနေဆဲပါ အဓိကတော့ စားသောက်ရေးအတွက် ဆောင်းရာသီလည်းဖြစ်တော့ အနွေးထည်၊စောင် နေစရာအမိုးအကာတွေ လိုအပ်တာပေါ့ ကျနော်တို့လည်း နိုင်သလောက်ကိုတော့ လုပ်ပေးနေတယ်”လို့ သူကပြောပါတယ်။

အဲဒါကြောင့် အလှူရှင်တွေ အနေ နဲ့လည်း တိုက်ပွဲကြောင့် နေထိုင်ရေး၊စားသောက်ရေး စတဲ့ အခက်အခဲတွေ အဆင်ပြေစေနိုင်ဖို့အတွက် လှူဒါန်းပေးမှု တွေကိုလည်း လုပ်ဆောင်ပေးကြဖို့အတွက်ကို တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ သူတို့ စစ်ရေး အရှုံးတွေ နဲ့ ရင်ဆိုင်ရတိုင်းမှာ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်တဲ့ တိုက်ခိုက်မှုမျိုးတွေ ရှိနေတဲ့ အတွက် စစ်ဘေးရှောင်ပြည်သူဆွေ အနေ နဲ့ စစ်ရေးသတိရှိရှိနေထိုင် ကြဖို့ကို အာရက္ခတပ်တော်က တိုက်တွန်းပြောဆိုထားပါတယ်။

သတင်း – မြတ်သူ

LEAVE A REPLY

Please enter your comment!
Please enter your name here