ရခိုင်ပြည်သူတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးထားခဲ့ရတဲ့ အချုပ်အခြာအာဏာ နဲ့ နယ်မြေ ၉၀ ရာခိုင်နူန်းအထက်ကို အာရက္ခတပ်တော်က ပြန်လည်သိမ်းယူကာ ရခိုင်ပြည်သူတွေလက်ထဲကို ပြန်လည်အပ်နှင်းခဲ့ပြီးဖြစ်တယ်လို့ အာရက္ခတပ် တော်က ဆိုပါတယ်။
ဒီပြောဆိုချက်ကို ၂ဝ၂၆ ခုနှစ်၊ ဗန်နဝါရီလ (၇) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ (၁၅) ကြိမ်မြောက် သက္ကမ/သျှက္ကမ အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာ ထည့်သွင်းပြောဆိုထားတာလည်းဖြစ်ပါတယ်။
“လက်ရှိတော်လှန်နေသော မျိုးဆက်ဖြစ်ပြီး အာရက္ခတော်လှန်ရေးအစိုးရကို ဦးဆောင်နေသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) လက်ထက်တွင် ငါတို့သည် အာရက္ခဖိုးဖီးတို့၏ဆုံးရှုံးထားသော အချုပ်အချာပိုင်နက်နယ်မြေ အလုံးစုံကို ပြန်လည်မသိမ်းပိုက်နိုင်သေးပေမယ့်လည်း ၉၀ ရာ ခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူပြည်သားတို့ရဲ့ လက်ထဲကို ပြန်လည်အပ်နှင်းခပြီး ဖြစ်တယ်လို့ “ထည့်သွင်းရေးသားပြောဆိုထားတာလည်း ဖြစ်ပါတယ်။
ရခိုင်ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပင် သက္ကမ/သျှက္ကမ အပါအဝင်လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဟာ အတူတကွ အေးချမ်းစွာနေထိုင်ခဲ့ကြပြီးတော့ အဲဒီဒေသကိုလည်း အတူတကွ စုပေါင်းတည်ဆောက်ခဲ့ကြသလို စုပေါင်းကာကွယ်မှုကိုလည်း အတူတကွ လုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ရခိုင်ထီးနန်း အကျရှုံးတဲ့ အချိန်ထိ ရခိုင်ဒေသမှာ အတူတကွနေထိုင်ခဲ့ကြချိန်မှာလည်း လူမျိုးတမျိုး နဲ့ တမျိုးကြား၊ အချင်းချင်းကြားမှာ ဘာသာစကား၊ စာပီ၊ ယဉ်ကျေးမှု၊ ရိုးရာအမွီအနှစ်တွေကိုလည်း အပြန်အလှန်တန်ဖိုးထားပြီးတော့ ချစ်ခင်မြတ်နိုးစွာ နဲ့ သဟဇာတရှိရှိနေထိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အဲဒီလို သဟာဇာတ ရှိရှိနေထိုင်ခဲ့ကြပေမယ့်လည်း ရခိုင်ဘုရင့်နိုင်ငံတော် အ ချုပ်အချာအာဏာ ကျရှုံးသွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ရခိုင်ဒေသအတွင်း မှာ နေထိုင်နေတဲ့ လူမျိုးအသီးသီးကြားမှာ စစ်ရှုံးသူတွေ ရဲ့ သဘာဝအတိုင်း တယောက်ကိုတယောက် မကူနိုင်ဘဲ လူမျိုး တမျိုးနဲ့ တမျိုးတို့ အကြားဖိနှိပ်သူ နယ်ချဲ့ရန်သူရဲ့ သွေးခွဲ အုပ်ချုပ်မှုတွေကြောင့် ဖိနှိပ်မှုအောက်မှာ ဖိနှိပ်ခံဘဝတူ လူမျိုးတွေ အဖြစ် နဲ့ အတူနေထိုင်ခဲ့ကြရပေမယ့် ဝေးကွာ နေကြသလို ဖြစ်နေခဲ့ကြရတယ်လို့လည်း အာရက္ခတပ်တော်က ဆိုထားပါတယ်။
အဲဒါတွေအပြင် ဖိနှိပ်အုပ်ချုပ်သူတွေ ရဲ့အောက်မှာ ရခိုင်ဒေသတစ်ခုလုံးဟာ လည်းအဖက်ဖက်က ချွတ်ချုံကျသွားခဲ့ရပြီးတော့ လူမျိုးတစ်ခုလုံးဟာလည်း လူရုပ်မပေါက်တဲ့ အဖြစ်မျိုးကို ရောက်သွားခဲ့ကြရတယ်လို့လည်း ဆိုထားပါသေးတယ်။
အဲဒီနောက်မှာ သူတပါးကို ပေးလိုက်ရတဲ့ အချုပ်အခြာအာဏာကို ပြန်လည် ရယူနိုင်ဖို့အတွက် ရန်သူကို တော်လှန်တိုက်ခိုက်နေတာကိုလည်း တရက်မှ ရပ်တန့်တာ မရှိဘဲပြန်လည်တိုက်ထုတ်ဖို့ ကြိုးစားခဲ့တာဟာ ဒီနေ့အချိန်ထိဖြစ်တယ်လို့လည်း အာရက္ခတပ်တော်က ပြောဆိုထားပါတယ်။
ဒါပေမယ့် ရခိုင်တော်လှန်ရေး ခေါင်းဆောင်တွေဟာ ၁၇၈၄ ခုနှစ် ကတည်းကပင် ခေတ်အဆက်ဆက် မျိုးဆက်အလိုက် တော်လှန်ခဲ့ကြပေမယ့် ထိရောက်တဲ့ တော်လှန်မှု၊ တော်လှန်ရေးအောင်ပွဲတွေကို မရယူနိုင်ခဲ့ဘဲ တော်လှန်ရေး သက်တမ်းဟာ နှစ်ပေါင်းရာချီကြာမြင့်လာခဲ့ရတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာလည်း ကျူးကျော်သူတွေဆီကနေ ပြန်လည်သိမ်းပိုက်ရယူထားတဲ့ နယ်မြေတွေကို ဖက်ဆစ်ကျူးကျော်သူတွေဆီကို ပြန်မပါသွားအောင် သက္ကမလူမျိုးများအပါအဝင် ရခိုင်ဒေသအတွင်းမှာ နေထိုင်နေကြတဲ့သူတွေ အနေ နဲ့ ရခိုင်လူမျိုးအပေါ်မှာ သစ္စာစောင့်သိစွာ နဲ့ ကာကွယ်သွားကြဖို့ အတွက်ကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /အာရက္ခတပ်တော်က တိုက်တွန်းပြောဆိုထားပါသေးတယ်။





Verdecasinoapp caught my eye with their advert. Had a spin on a few games and actually quite enjoyed it. Nothing groundbreaking but solid. Give it a shot here verdecasinoapp
Word, goldenhoyeah1 has some seriously cool games. Smooth gameplay and pretty engaging. You’ll dig it goldenhoyeah1.
Alright, bong365bong88 is a familiar name. Reliable spot for your betting needs. Check it out if you’re looking for a seasoned player in the game bong365bong88.