အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ ပဲ ခူးတိုင်း၊ ပန်းတောင်းမြို့နယ်ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် သွားရောက်ခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ သတင်းတွေမှာ ရေးသားဖော်ပြပါတယ်။
ဒီခရီးစဥ်ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ သွားရောက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီခရီးစဥ်အတွင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလာမယ့် ရွေးကောက်ပွဲ အပိုင်း ၂ မှာ စစ်တပ် နဲ့ အတူလက်တွဲအလုပ်လုပ်မယ့် ကိုယ်စလှယ်လောင်းတွေကို မဲပေးကြဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့တဲ့ ပန်းတောင်းမြို့နယ့်ဟာ ရွေးကောက်ပွဲဒုတိယပိုင်းကျင့်ပမယ့် မြို့နယ် ၁၀၀ ထဲမှာ ပါဝင်နေတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိစစ်ခေါင်းဆောင်သွားရောက်ခဲ့တဲ့ ပန်းတောင်းမြို့နယ်ဟာ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း အစပ်မှာ ရှိနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီ ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးစစ်စခန်းဟာ လည်း အာရက္ခတပ်တော်- AA ကပြီး ခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ သိမ်းပိုက်နိုင်ခဲ့ကြောင်းကို အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။
လက်ရှိမှာလည်း အာရက္ခတပ်တော်ဟာ ပန်းတောင်းမြို့နယ်အစပ်က စစ်ကော်မရှင်တပ်စခန်းတွေကို ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေတာတွေကို လုပ်ဆောင်နေသလို စစ်ကော်မရှင်ကလည်း သူတို့ လက်လွတ်ထားရတဲ့ တပ်စခန်းတွေကိုပြန်ရနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာလည်း ရှိနေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ပူးခူးတိုင်းအထဲက နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်တွေထဲက စစ်ကော်မရှင်တပ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။




