Home သတင်း စစ်ရေး စစ်ကွင်းတာဆုံဂိတ်တိုက်ခိုက်ခံရမှု စကမ တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ရ

စစ်ကွင်းတာဆုံဂိတ်တိုက်ခိုက်ခံရမှု စကမ တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ရ

29
0

Coastal News Agency

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ ရန်ကုန် ပြည် အမြန်လမ်းပေါ်မှာ ရှိတဲ့ အုတ်တွင်းကျေးရွာ၊စစ်ကွင်းတာဆုံ နဲ့ တာဆုံအနီး ဘုရားအနီးက စစ်ကွင်းတာဆုံဂိတ်ကို PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ACDF ကသတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ကွင်းတာဆုံဂိတ်ဟာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား (၅၀)လောက် နဲ့ အခိုင်အမာတပ်စွဲထားတဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလိုအခိုင်အမာတပ်စွဲထားတဲ့ စစ်ကော်မရှင် ရဲ့စစ်ကွင်းတာဆုံဂိတ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂)ကွပ်ကဲမှု နဲ့ ဇန်နဝါရီလ(၇)ရက်၊ နံနက် (၀၆ :၁၅)နာရီလောက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှုဟာ (၄)နာရီကျော်ကြာမြင့်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး (၁)ဦး ၊ တပ်ကြပ်ကြီး (၁)ဦး ၊ ပြည်သူ့စစ်ခေါင်းဆောင် (၁)ဦး အပါအဝင် (၂၀)ဦးခန့် သေဆုံးခဲ့ရပြီးတော့ အများအပြားဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပါတယ်။

ဒီတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂)ကွပ်ကဲမှုနဲ့ အရှိုချင်းကာကွယ်ရေးတပ် ACDF တပ်ရင်း (၃)၊ သာယာဝတီခရိုင်တပ်ရင်း (२) ၏ ၃)(၃၈ဝ၃) Alphaစစ်ကြောင်း၊Bravoစစ်ကြောင်း၊ သာယာဝတီခရိုင်တပ်ရင်း (၂) (၃၈ဝ၂)၏တပ်ခွဲ(၂)၊ တပ်ခွဲ (२) သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်(ပကဖ)ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ရန်ကုန်တိုင်း(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ – (၃)စသည့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကတော့ ထိခိုက်မှု တစုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here