Home သတင်း စစ်ရေး စစ်တွေစစ်မျက်နှာမှာ မာန်အောင်ဇာတိဖွား အာရက္ခတပ်တော်ရဲ့ တပ်ရင်းမှူး ဗိုလ်မှူး ထက်မြက်သိန်း ကျဆုံး

စစ်တွေစစ်မျက်နှာမှာ မာန်အောင်ဇာတိဖွား အာရက္ခတပ်တော်ရဲ့ တပ်ရင်းမှူး ဗိုလ်မှူး ထက်မြက်သိန်း ကျဆုံး

59
0

Coastal News Agency

စစ်တွေမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်က တပ်ရင်း မှူး ဗိုလ်မှူး ထက်မြက်သိန်း တိုက်ပွဲအတွင်းကျရှုံးသွားခဲ့ရတယ်လို့ APM သတင်းဌာနကဖော်ပြပါတယ်။

သေဆုံးသွားခဲ့ရတဲ့ အာရက္ခတပ်တော်က တပ်ရင်း မှူး ဗိုလ်မှူး ထက်မြက်သိန်းဟာ မာန်အောင်ဇာတိဖွားတစ်ဦးလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

တပ်ရင်းမှူး ဗိုလ်မှူး ထက်မြက်သိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့က စစ်တွေ – ပုဏ္ဏားကျွန်း အစပ်နေရာတစ်ခုမှာ စစ်ကော်မရှင်တပ် နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မထင်မှတ်ဘဲ စစ်ကော်မရှင်တပ်ရဲ့ ပစ် ခတ်မှု တစ်ခုကြောင့်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်သွားခဲ့တဲ့ ဗိုလ်မှူးထက်မြက်သိန်းရဲ့ စျာပနအခမ်းအနားကိုတော့ စစ်မြေပြင်တနေရာမှာ ပြုလုပ်ကျင်းပပေးခဲ့ပြီးတော့ ဒီဇာပနအခမ်းအနားကို သက်ဆိုင်ရာတပ်မှူး၊ မိဘဆွေမျိုး၊

ဇနီးမယား သားသမီးတွေ နဲ့ ရဲဘော်ရဲဖက်တွေ တက်ရောက် ဂါရဝပြုခဲ့ကြတယ်လို့ ဆိုထားပါတယ်။

အခုလို ဗိုလ်မှူးထက်မြက်သိန်းကို ဆုံးရှုံးလိုက်ရတာဟာ အာရုက္ခတပ်တော် နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တိုက်ခိုက်နေရချိန်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့လည်း ရခိုင်ပြည်သူတွေ နဲ့ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေက ပြောဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here