Home သတင်း စစ်ရေး မောင်တောကို တိုးဝင်လာတဲ့ ARSA တပ်တွေကို အာရက္ခတပ်တော်က စီးနင်းတိုက်ခိုက်နေ

မောင်တောကို တိုးဝင်လာတဲ့ ARSA တပ်တွေကို အာရက္ခတပ်တော်က စီးနင်းတိုက်ခိုက်နေ

58
0

Coastal News Agency

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေခန်းသစ်ချပြီး မောင်တောမြို့နယ် ထဲကို ဝင်ရောက်လာနေတဲ့ အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့တွေကို အာရက္ခတပ်တော်က စီးနင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA ဟာ ဒီနေ့မနက်ပိုင်းမှာ နယ်ခြားမိုင်တိုင် ၄၅ ၊ ၄၆ နဲ့ မိုင်တိုင် ၃၅၊ ၃၆ အနီးဝန်းကျင်ကို ဝင်ရောက်လာတာဖြစ်ပြီးတော့ ဒီမနက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေကြတာလို့ မောင်တော ဒေသခံ တစ်ဦးကပြောပါတယ်။

“တပ်တော်က စီးနင်းတိုက်ခိုက်မှုတွေလုပ်နေတယ် တိုက်ပွဲကတော့ တော် တော်ပြင်းပြင်းထန်ထန်ဖြစ်နေတာ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်”လို့ သူကပြောပါတယ်။

တိုက်ပွဲကတော့ ဒီနေ့မနက် ၉ နာရီဝန်းကျင်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီးတော့ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအကြမ်းဖက် ARSA အဖွဲ့တွေဟာ မောင်တောနယ်စပ်တွေမှာ နေရာယူဖို့ကြိုးစားနေပြီးတော့ ဒေသတွင်းနေထိုင်နေကြတဲ့ အရပ်သားပြည်သူ မွတ်ဆလင်တွေကိုပါ မကျန် ဖမ်းဆီးသတ်ဖြတ်တာ ပြန်ပေးဆွဲလုယက်တာတွေ ကို ဆက်တိုက်လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။

အာရက္ခတပ်တော်ကတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB ဟာ ARSA နဲ့ RSO တို့ကိုလက်ခံပြီးတော့ အကူအညီတွေ ပေးနေတယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာထုတ်ပြန်​ပြောဆိုထားပြီးတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB ကလည်း AA ရဲ့စွပ်စွဲချက်ဟာ မဟုတ်မှန်ဘူးလို့ပြန်လည်ငြင်းဆန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here