အာရက္ခတပ်တော် ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် မွတ်ဆလင် လက်နက်ကိုင် ARSA အဖွဲ့တွေဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက် ပြေးသွားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေခန်းသစ်ချပြီး မောင်တောမြို့နယ် ထဲကို ဝင်ရောက်လာနေတဲ့ အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့တွေကို အာရက္ခတပ်တော်က စီးနင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA ဟာ ဒီနေ့မနက်ပိုင်းမှာ နယ်ခြားမိုင်တိုင် ၄၅ ၊ ၄၆ နဲ့ မိုင်တိုင် ၃၅၊ ၃၆ အနီးဝန်းကျင်ကို ဝင်ရောက်လာတာဖြစ်ပြီးတော့ ဒီမနက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပြီးတော့ အာရက္ခတပ်တော်ရဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်တာကို မခုခံနိုင်တော့ဘဲ အကျအရှုံးများစွာ နဲ့ ရင်ဆိုင်လာရတဲ့ အတွက် အခုလို တဖက်ဘင်္ဘလား နိုင်ငံအတွင်းကို အသက်လုထွက်ပြေးကြရတာလည်းဖြစ်ပါတယ်။
တဖက်မှာလည်း အဲဒီလို အသက်လုထွက်ပြေးသွားရတဲ့ မွတ်ဆလင်လက်နက် ကိုင် ARSA အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB တပ်ဖွဲ့ တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရုပ်သံတွေကိုလည်း တွေ့ရပါတယ်။

ဒီအကြမ်းဖက် ARSA အဖွဲ့တွေဟာ မောင်တောနယ်စပ်တွေမှာ နေရာယူဖို့ကြိုးစားနေပြီးတော့ ဒေသတွင်းနေထိုင်နေကြတဲ့ အရပ်သားပြည်သူ မွတ်ဆလင်တွေကိုပါ မကျန် ဖမ်းဆီးသတ်ဖြတ်တာ ပြန်ပေးဆွဲလုယက်တာတွေ ကို ဆက်တိုက်လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။
အာရက္ခတပ်တော်ကတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB ဟာ ARSA နဲ့ RSO တို့ကိုလက်ခံပြီးတော့ အကူအညီတွေ ပေးနေတယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပြီးတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB ကလည်း AA ရဲ့စွပ်စွဲချက်ဟာ မဟုတ်မှန်ဘူးလို့ပြန်လည်ငြင်းဆန်ထားပါတယ်။
ပုံ – အာရက္ခတပ်တော် တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားရတဲ့ အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့အားမြင်တွေ့ရမှု။




