Home သတင်း စစ်ရေး AA ပစ်ခတ်မှုကြောင့် ကြမ်းဖက် ARA ခေါင်းဆောင် နိုဘီဟူးဆောင်း အပြင်းအထန်ဒဏ်ရာရ

AA ပစ်ခတ်မှုကြောင့် ကြမ်းဖက် ARA ခေါင်းဆောင် နိုဘီဟူးဆောင်း အပြင်းအထန်ဒဏ်ရာရ

41
0
ပုံ - ဒဏ်ရာ ရရှိသွားခဲ့တဲ့ ARA ခေါင်းဆောင် နိုဘီဟူဆောင်းအားတွေ့ရမှု။

Coastal News Agency

အာရက္ခတပ်တော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ ARA ခေါင်းဆောင် နိုဘီဟူးဆောင်းဟာ အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့တာကို အွန်လိုင်း​ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်အရ သိရပါတယ်။

အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ ARSA ၊ RIM နဲ့ ARA အဖွဲ့တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက စတင်ပြီးတော့ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်ပြည် အစပ် ကျီးကျွန်းဆို တဲ့ နေရာ အနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။

အာရက္ခတပ်တော်က စီးနင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ ARA ခေါင်းဆောင် နိုဘီဟူဆောင်းဟာ လက်နက်ကျည်ထိမှန်ကာ အပြင်းအထန် ဒဏ်ရာ ရရှိထားတာကို အွန်လိုင်း ပေါ်ပျံ့နှံ့လာတဲ့ ရုပ်သံ ဖိုင်းအရ တွေ့ရပါတယ်။

အဲဒီလို ဒဏ်ရာ ရရှိသွားတဲ့ ARA ခေါင်းဆောင် နိုဘီဟူဆောင်းဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ဖမ်းဆီးတဲ့ အထဲမှာ ပါဝင်တာ မရှိခဲ့ တာကြောင့် လက်ရှိ အဲဒီအကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ဟာ Cox’s Ba zar အစိုးရဆေးရုံ ဒါမှ မဟုတ် နယ်စပ်တနေရာမှာ လျှို့ဝှက်ဆေးကုသတာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မောင်တောမြို့နယ် အတွင်းက မွတ်ဆလင်လူငယ် တစ်ဦးက ပြောပါတယ်။

“BGBဖမ်းတဲ့ အထဲမှာ သူမပါဘူး သူဒဏ်ရာရတဲ့ ရုပ်သံဖိုင် တွေတက်လာတာဘဲတွေ့တယ် သူCox’s Ba zar အစိုးရဆေးရုံ နယ်စပ်တနေရာမှာ လျှို့ဝှက်ကုနေတာဖြစ်မယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် ARSA ၊ RIM နဲ့ ARA တပ်ဖွဲ့ဝင် ၂၀၀ နီးပါးလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါတယ်။

အဲဒီထဲက ARSA အဖွဲ့ဝင် ၅၃ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က နယ်စပ်တစ်လျှောက် စစ်ဆေးမှုများပြုလုပ်ပြီးတော့ ဖမ်းဆီးထားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ကထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here