၂ လအတွင်းမှာ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် – SAF အနေ နဲ့ စစ်ကော်မရှင်တပ်သား ၁၆ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သလို အလင်းဝင်လာသူ ၁၃ ဦးလည်းရှိတယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ဖမ်းဆီးရမိသူတွေ နဲ့ အလင်းဝင်လာသူတွေဟာ ကျောင်းသားတပ်ဦး/ ကျော င်းသားလက်ရုံးတပ်တော်ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်း နဲ့ ပုသိမ်-မုံရွာ လမ်းမကြီးတဝိုက်က စစ်မကော်ရှင်တပ်တွေထဲက ထွက် ပြေးလာသူတွေ နဲ့ တိုက်ပွဲများကနေ ဖမ်းဆီးရမိသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။


အလင်းဝင်လာသူ ၁၃ ဦးထဲမှာတော့ တပ်ကြပ်ကြီး ၁ ဦး နဲ့ ဒုတပ်ကြပ် ၁ဦးလည်းပါဝင်လာတယ်လို့လည်း ဆိုပါတယ်။
အလင်းဝင်ခိုလှုံလာသူတွေ အနေ နဲ့ကတော့ ကျောင်းသားတပ်ဦး/ ကျောင်း သားလက်ရုံးတပ်တော်ထဲမှာ ရဲဘော်တွေအဖြစ်နဲ့ ဆက်လက်တာဝန်ထမ်းဆောင်တာတွေ ရှိနေတယ်လို့လည်းဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၆ ဦးကိုတော့ ကျောင်းသားတပ်ဦး/ ကျော င်းသားလက်ရုံးတပ်တော် အနေ နဲ့ နိုင်ငံတကာစစ်ဥပဒေများ နဲ့ အညီ ထိန်းသိမ်းထားရှိတယ်လို့လည်းဆိုထားပါတယ်။
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် အနေ နဲ့ အဖိနှိပ်ခံလူထုကို မျက်နှာမူပြီးတော့ တော်လှန်ရေး တာဝန်ထမ်းဆောင်လိုတဲ့ ဘယ်သူ့ကို မဆိုမိမိတို့နဲ့ အတူတိုက်ပွဲဝင်ဖို့ လက်ကမ်းကြိုဆိုနေတယ်လို့လည်း ဖိတ်ခေါ်ထားပါတယ်။




